ဟျောင်းက ကျွန်တော့်ကို အဲ့ဒါတွေ လက်ခံတာ မြင်ပြီး မကြည်တာ ခံလိုက်ရပြီးတဲ့နောက်ပိုင်း ကျွန်တော် ဘာဆို ဘာမှ လက်မခံရဲတော့။ ဘာဖြစ်ဖြစ် အိမ်က အကို မကြိုက်လို့ပါ ဆိုပြီး ငြင်းလိုက်တိုင်း ဘယ်က အကိုလဲ ဆိုတဲ့ မေးခွန်းက တကယ် ကျွန်တော့်ကို အကျပ်ရိုက်စေတာ အမှန်။
ဟျောင်းက ဘာမှ မဖြစ်ဘူး ပြောပေမဲ့ အဲ့နေ့က သူ စိတ်ဆိုးသွားတာ အသိသာကြီးလေ။ ဒီနေ့တော့ ဟျောင်းဆီ သွားပြီး စကားသွားပြောရမယ်။
ဒီနေ့က တနင်္ဂနွေနေ့မို့ ဟျောင်း အိမ်မှာ ရှိနေမှာ သူ သေချာပေါက် သိထားတာမို့ မိုးလင်းတာနဲ့ ဟျောင်းအိမ်ဘက်ကို သူ ထွက်လာခဲ့လိုက်တယ်။
ဟျောင်းရှိလား မေးရင်း ရှိတယ် ဆိုတာနဲ့ ချက်ချင်း အိမ်ပေါ်ကို ပြေးတက်လာကာ အခန်းတံခါးကို ခေါက်တော့ တော်တော်ကြာတဲ့အချိန်ထိ လာမဖွင့်တာမို့ စိတ်မရှည်သလို လက်ကိုင်ကို လှည့်မိတာ တံခါးပွင့်သွားတာမို့ ကျွန်တော် တစ်ချက် ကြောင်သွားမိပြန်ရော။
ဟျောင်းက တံခါးလော့မချပဲ အိပ်တတ်တာလား။
"ဟျောင်း..?"
အသံခပ်တိုးတိုးလေး ပေးရင်း အခန်းထဲကို ဝင်လာတော့ ကုတင်ပေါ်မှာ ကြောင်ဖြူလေးလို စောင်ပုံထဲ ခွေခွေလေး အိပ်မောကျနေတဲ့ ဟျောင်းကို မြင်လိုက်ရတယ်။
ကုတင်နားမှာ ဖြည်းဖြည်းလေး သွားထိုင်ကာ ဆံစလေးတွေကို သပ်တင်ပေးလာတော့ ကလေးလေးလို မျက်မှောင်ကျုံ့ရင်း ငြီးတွားလာတဲ့ ဟျောင်း။ ဘာကို ငြီးနေတယ် ဆိုတာ မသိပေမဲ့ အရမ်း ချစ်ဖို့ကောင်းတာပဲ။
"ဟျောင်း..?"
ကျွန်တော် ခပ်တိုးတိုးလေး ထပ်ခေါ်လိုက်ပေမဲ့ ဟျောင်း နိုးမလာ။ တစ်ချက် ပြုံးမိရင်း လက်ညိုးနဲ့ ပါးလေးကို ခပ်ဖွဖွ ပွတ်ပေးလိုက်တော့ ခံစားလို့ ကောင်းတယ် ထင်ရဲ့ မျက်ခုံးကျုံ့ထားတာလေး ဖျော့သွားရော။ အဲ့အချိန်မှာ ကျွန်တော် အကြည့်ရောက်သွားတာက ဟျောင်းရဲ့ ပန်းနုရောင် နှုတ်ခမ်းပါးလေးတွေ။
ကြည့်နေမိရင်း စိတ်မထိန်းနိုင်တော့သလို အနားကပ်မိသွားပေမဲ့ ချက်ချင်း အသိပြန်ဝင်လာကာ နောက်ပြန်ဆုတ်လိုက်မိတယ်။ ဟျောင်း အိပ်နေတာကို .. သူ ဒီလို မလုပ်သင့်ဘူးလေ။
YOU ARE READING
Slow Show
Fanfiction'You know I dreamed about you before I saw you.' Park Gunwook x Ricky Shen