VII

206 34 3
                                    

"ဟျောင်း.. အဲ့ဒါ ဘာသဘောလဲ"

"မင်းမြင်သလိုပဲလေ"

ဟျောင်းရဲ့ မမူသလို ပြန်ဖြေနေတဲ့ ပုံစံကို ကျွန်တော် သိပ်သဘောမကျချင်။

"ရုတ်တရက်ကြီး.. ဟျောင်း ကျွန်တော်လဲ ဘာမှ မသိလိုက်ရဘူး‌"

"မင်းကို ငါ ဒီကိစ္စတွေ‌အထိ ပြောပြစရာ မလိုဘူး ထင်တာပဲ"

ဟျောင်း ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်တော့်ရင်ဘတ်ထဲ စူးအောင့်နေအောင် နစ်ဝင်သွားစေတယ်။

"ဒါပေမဲ့လဲ ကျွန်တော်က‌ အဲ့လောက်တော့ သိခွင့် ရှိတဲ့သူလို့ ထင်ထားခဲ့တာ"

"မင်းက ကလေးပဲ ရှိသေးတာ ဒါမျိုးတွေအထိ မင်းနဲ့ တိုင်ပင်လို့ မရဘူးလေ"

"ဘယ်သူက ကျွန်တော် ကလေးလို့ ပြောတာလဲ။ ကျွန်တော် ဘာက ဘာဆိုတာတော့ နားလည်ပါတယ်"

"မင်း ဒီလို အရည်မရ အဖတ်မရတွေ လာပြောနေမယ် ဆိုရင် ငါ့ရှေ့ကနေ ထွက်သွားတော့"

ကျွန်တော့်မျက်နှာကို တစ်ချက်‌တောင် မကြည့်ပဲ သူပြောလိုက်တဲ့ စကား။ ဟုတ်ပါတယ်။ ဟျောင်းလို ရင့်ကျက်ပြီးသား လူတစ်ယောက်အတွက် ကျွန်တော့်ရဲ့ ဒီလိုစကားတွေက အဓိပ္ပါယ် မရှိတာ ဖြစ်နိုင်ပေမဲ့ ကျွန်တော့်အတွက်တော့ အရေးကြီးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဟျောင်းက ကျွန်တော် သဘောကျရတဲ့ သူလေ။ တခြားသူ လက်ထဲကိုတော့ လွယ်လွယ် ထည့်မပေးနိုင်။ ဒါပေမဲ့ အဲ့လို စကားမျိုး ပြောဖို့အတွက်ကျပြန်တော့လဲ ဟျောင်းက ကျွန်တော် ပိုင်တဲ့သူ ဟုတ်မနေခဲ့။

ကျွန်တော့်ကို တစ်ချက်တောင် မော့မကြည့်ပဲ သူ့ အလုပ် ကွန်ပျူတာကိုပဲ အာရုံစိုက်နေတာမို့ ကျွန်တော်လဲ ဘာမှ မပြောချင်တော့သလို ဟျောင်းရှေ့ကနေ ထွက်လာခဲ့လိုက်တော့တယ်။

ˏˋ°•*⁀➷

ဒီရက်ပိုင်း ကျွန်တော်ကိုယ်တိုင် ဟျောင်းဆီ မသွားဖြစ်သလို ဟျောင်းကိုယ်တိုင်ကလည်း ကျွန်တော့်ကို အဖတ်တောင် မလုပ်။ ဟျောင်းပြောသလိုပဲ ကျွန်တော်က ဟျောင်းအတွက် အရေးမပါတဲ့ ကလေးတစ်ယောက်သာသာပဲလား။

Slow ShowWhere stories live. Discover now