ကိစ္စတွေက ဘယ်နေရာကနေ စပြီး ရှုပ်ထွေးသွားတာလဲ ဆိုတာ မေးလာရင်တော့ ရစ်ခီကိုယ်တိုင်လဲ မသိတော့။
ဂွန်းနုနဲ့ အနေဝေးပြီး ဒီကလေးလေး ပြောင်းလဲသွားတဲ့ အချိန်မှာ အရာရာကို သူ နှမြောတသ ဖြစ်တဲ့ အချိန်က စခဲ့တာပဲ ထင်ပါတယ်။
လူပျိုဖော် ဝင်လာတဲ့ အချိန်မှာ အစစ အရာရာ ပြောင်းလဲလိုက်တဲ့ ဒီကလေးကို မြင်တိုင်း ရစ်ခီတစ်ယောက် စိတ်ထဲ ရတက်မအေးနိုင်။
လူကောင်ခပ်ထွားထွားက လေ့ကျင့်ခန်း သေချာ လုပ်ပြီး ထရိန်းထားတာ မဟုတ်တာတောင် ကြည့်ကောင်းနေစေပြီး ပြောင်းလဲသွားတဲ့ ဆံပင်ပုံစံ၊ မျက်မှန် ပုလင်းဖန်ကြီးကနေ မျက်ကပ်မှန် ပြောင်းတပ်လိုက်တာကြောင့် ထင်းထင်းရှားရှား ပေါ်လာတဲ့ မျက်လုံး၊ မျက်ခုံးနဲ့ နှာတံ ခပ်စင်းစင်း။ ဖယ်လိုက်တဲ့ သွားထိန်းတွေကြောင့် ပိုထင်ရှားအောင် မြင်လာရတဲ့ ပါးမို့မို့လေးတွေနဲ့ နှုတ်ခမ်း ဖောင်းဖောင်းလေးတွေ။
ဒီအချိန်မှာ ဒီကလေးကို ဘယ်သူ့လက်ထဲမှာ သူ ထည့်မပေးန်ုဘူးဆိုတဲ့ စိတ်က ပိုသေချာလာတယ် ဆိုတာ ရစ်ခီ ဝန်ခံရမှာပါ။
ˏˋ°•*⁀➷
ကျောင်းကနေ ရည်းစားစာတွေ ရလာတဲ့ အချိန်မှာ သူ တကယ် စိတ်ဆိုးမိသွားတာတော့ အမှန်။
တကယ်တမ်း တွေးကြည့်ရင် သူ စိတ်ဆိုးရမဲ့ ကိစ္စ ဟုတ်မနေ။ ဒါပေမဲ့လဲ ဒီကောင်လေးကို သူ့မှာ အလိုလိုနေရင်း ဒေါသထွက်လာတာ မဟုတ်လား။ ဘာကိစ္စ အဲ့လို စာတွေကို လက်ခံလာရတာလဲ ဆိုပြီး။
တစ်ခါတလေကျရင် မအားလပ်အောင် လုပ်နေရတဲ့ အဖေရဲ့ ကုမ္ပဏီအလုပ်တွေကိုသာ အပြစ်တင်လိုက်ချင်တော့တာ။
တကယ်တော့ ဒီကောင်လေးနဲ့ ပတ်သက်ပြီး သူ့ဘက်က စိတ်က မရိုးတော့ဘူးဆိုတာ သူကိုယ်တိုင်လဲ ဝန်ခံရမှာပါ။
သူ ဒီကလေးလေးကို သဘောကျတဲ့ စိတ်က အရင်ထဲက ကိန်းအောင်းနေခဲ့တာလဲ ဖြစ်ချင် ဖြစ်နိုင်ပါတယ်။
ဒီကောင်လေးကို စစမြင်တုန်းက သူ ချက်ချင်း အသည်းယားလွန်းလို့ ပွေ့ဖက်ထားမိတာ သူ မှတ်မိပါတယ်။ အကောင်ပေါက်ကတော့ ငယ်သေးလို့ ဘာမှ မမှတ်မိဘူး ပြောပေမဲ့ အဲ့အချိန်က ခံစားချက်တွေကို သူကိုယ်တိုင်လဲ ညီလေးတစ်ယောက်ကို ချစ်သလိုပဲ ဆိုတဲ့ ခံစားချက်လို့ပဲ ထင်နေခဲ့တာ မဟုတ်လား။
YOU ARE READING
Slow Show
Fanfiction'You know I dreamed about you before I saw you.' Park Gunwook x Ricky Shen