XIII

310 36 2
                                    

ရစ်ခီ ဂွန်းနု စာမေးပွဲနေ့မှာ အလုပ်အကုန် ဖျက်ပြီး သွားစောင့်ပေးနေခဲ့တာလေ။ အဲ့အချိန် သူ့အဖေကတော့ သူ့ကို ကျိန်ဆဲနေလောက်ပြီ ဆိုတာ သူ သိပေမဲ့ မတတ်နိုင်။

ဂွန်းနုအတွက် အရေးကြီးတဲ့ နေ့မှာတော့ သူ တနေကုန် အတူတူ ရှိပေးချင်တယ်။

အမှတ်စာရင်း ထွက်တဲ့နေ့မှာလည်း သူ အချိန် အားတာနဲ့ ဂွန်းနုအိမ်ကို အပြေးသွားခဲ့တာ။ ဒီကလေးက တော်တာမို့ Top 3 ဝင်ကို ဝင်မယ် ဆိုတာ သူ တထစ်ချ ယုံထားပြီးသား။

ဒါပေမဲ့ ဂွန်းနုဘက်က သူ့ကို ဘာမှ တောင်းဆိုမလာခဲ့။

ချွဲအွန်းယောင်း ပေါ်လာပြီးထဲက ဂွန်းနု သူနဲ့ အနေစိမ်းလာတယ် ဆိုတာ သူ မရိပ်မိရင် သူ ငတုံးပဲ ဖြစ်လိမ့်မယ်။

ရစ်ခီ မိန်းမယူမယ် ဆိုတဲ့ ကိစ္စကို သဘောမကျတာလား။ အဲ့လိုဆို ..။

သူ ဘာမှ မ‌မျှော်လင့်ချင်ပါ။ ဒီကလေးကလဲ သူနဲ့ စိတ်ခံစားချက်ချင်း တူနေတယ် ဆိုတာ သူ သိရရင် အရာရာကို တဇောက်ကမ်း လုပ်မိမဲ့ သူ့စိတ်ကို သူ သေချာ သိနေတယ်လေ။

ˏˋ°•*⁀➷

အဲ့နေ့က.. ချွဲအွန်းယောင်း သူ့ဆီ လာတဲ့နေ့။

ရုတ်တရက်ကြီး သူ့ရုံးခန်းထဲကို ဝင်လာပြီး သူနဲ့ မျက်နှာချင်းဆိုင် စားပွဲခုံပေါ် လာတက်ထိုင်တာ။

"ဘာလုပ်တာလဲ"

"ဒီတိုင်း ..?"

"ဖယ်.. ငါ မင်းကို လိုက်လျောနေတယ် ဆိုတာ အကန့်အသတ်ရှိတယ်"

"အင်း။ အဲ့လိုလား။ ရှင် တော်တော် မကောင်းတဲ့ လူပဲ"

ပြောရင်း နက်ကတိုင်ကိုပါ ဆွဲကာ မျက်နှာနားကို ပိုကပ်လာတဲ့ သူ။ ဘာတွေ အဲ့လောက်တောင် အတင့်ရဲနေရတာလဲ။

"ချွဲအွန်းယောင်း မင်း-"

"ဂွန်းနု.."

အဲ့ကလေးနာမည်ကို ကြားလိုက်ရတဲ့အချိန်မှာ ရစ်ခီ ဘာစကားမှ ထွက်မလာတော့။

"ဂွန်းနုကို ကျွန်မ့လက်ထဲ မထည့်ပေးချင်ရင် ရှင် အခုချိန်မှာ ငြိမ်နေတာ ကောင်းမယ်"

"သူ့ကို ပိုင်ဆိုင်မှု တစ်ခုလို လက်လွတ်စပယ် မပြောနဲ့ ငါ မကြိုက်ဘူး"

Slow ShowWhere stories live. Discover now