XI

215 33 5
                                    

ညက သောက်ထားတဲ့ အရက်အရှိန်က မနက်ကျမှ ဒုက္ခပေးနေပြီလေ။ ပတ်ဂွန်းနုတို့ ခေါင်းမထောင်နိုင်တဲ့အပြင် မျက်လုံးတောင် ကောင်းကောင်း မပွင့်။

ကုတင်ပေါ် ခဏတာ ငြီးတွားနေလိုက်မိပြီးမှ မျက်လုံး ဖွင့်ကြည့်တော့ သူ့အခန်း မျက်နှာကျက် ဟုတ်မနေ။

ဟမ်။ ဘယ်ရောက်နေတာလဲ။

ဟိုတွေး ဒီတွေးနဲ့ သူ့အတွေးထဲ ပေါ်လာတာက ဟျောင်း သူ့နာမည်ကို ခေါ်လိုက်တဲ့ အသံ။

နေပါဦး။ ဒါ ဟျောင်းအခန်းလဲ မဟုတ်ပါဘူး။

အခန်း ဖွဲ့စည်းပုံ အနေအထားအရ ဒါက ဈေးကြီးကြီး တိုက်ခန်းတစ်ခုမှန်း သိသာစေတယ်။ သူ ရောက်ဖူးနေကျ ဟျောင်းရဲ့ အိမ်လဲ ဟုတ်မနေတာမို့ သူ ဘယ်ရောက်နေမှန်း သူ တကယ် မသိ။

အတွေးပေါင်း မြောက်မြားစွာနဲ့ သူ အခန်းထဲက လျှောက်ထွက်လာတော့ အသံကြားရာဘက်သာ ဝင်ကြည့်မိချိန် apron လေး ဝတ်ပြီး မနက်စာ လုပ်နေတဲ့ ဟျောင်းကို တွေ့လိုက်ရတယ်။

"ဟျောင်း?"

"အင်း.. နိုးပြီလား"

"ဟုတ်"

"..."

"ဒါနဲ့ ဒီအခန်းက ဘာလဲဟင်"

သိချင်စိတ်ကို ထိန်းထားမနိုင်တော့တာမို့ သူ မေးခွန်းထုတ်လိုက်မိတော့တယ်။

"လက်ထပ်ပြီးရင် တူတူ နေဖို့ ဝယ်ထားတဲ့ အိမ်"

အပြောကြောင့် သူ ရင်ထဲ အောင့်သွားပေမဲ့ ဘာမှ ပြောခွင့်မရှိတာ သိနေတာမို့ ခေါင်းသာ ငြိမ့်ပြလိုက်ကာ ငြိမ်‌နေမိတယ်။

"မင်း ညက ဘာတွေ ဖြစ်သွားလဲ မှတ်မိလား"

ဟျောင်းရဲ့ အမေးကို သူ ခေါင်းပြန်ခါပြလိုက်တယ်။

"ဟင့်အင်း မမှတ်မိဘူး"

"မလိမ်နဲ့နော် တကယ်ပြောနေတာလား"

ဟျောင်းရဲ့ အမေးကြောင့် သူ မျက်မှောင်ကျုံ့လိုက်မိ‌တာ။ ပြောရမယ်ဆို သူ တကယ် မမှတ်မိဘူး။ ဟျောင်း ဆွဲခေါ်သွားပြီးတဲ့နောက်ပိုင်း မှတ်ဉာဏ်တွေ သူ့ဆီမှာ ရှိမနေ။

"ဟုတ်တယ် ဟျောင်း ကျွန်တော် တကယ် မမှတ်မိဘူး ဘာဖြစ်ခဲ့တာလဲဟင်"

Slow ShowWhere stories live. Discover now