VIII

212 35 4
                                    

ဂွန်းနု တစ်ယောက် အဲ့နေ့ထဲက ရစ်ခီနဲ့ မတွေ့ဖြစ်။ နောက်ဆုံး စာမေးပွဲအတွက် စာကြိုးစားရမယ် အကြောင်းပြကာ ဘယ်ပွဲမှလဲ မလိုက်တော့သလို ကျောင်းသွား၊ ကျောင်းပြန်ချိန်ကလွဲ အိမ်ထဲက အိမ်ပြင်မထွက်။

ဟျောင်းကလဲ သူ့ကို အဆက်အသွယ် မလုပ်လာပါဘူး။ အင်းပေါ့လေ။ ဟျောင်းအနေနဲ့ ကောင်မလေး ရှိနေတာဆို‌တော့ သူက မဆိုင်တဲ့ လူတစ်ယောက် ဖြစ်နေပြီ မဟုတ်လား။

နောက်ဆုံးစာမေးပွဲ အချိန်နီးလာလေ၊ ကျွန်တော်ကိုယ်တိုင်လဲ ပိုအခန်းအောင်းဖြစ်လာလေပါ။ အပြင်ထွက်ရမှာ စိတ်ရှုပ်လာသလို ကိုယ်တိုင်ကလဲ စာတော်တဲ့သူ ဆိုပေမဲ့ ထိပ်တန်းကျောင်းတွေ ဝင်ဖို့အတွက်တော့ စိတ်ဖိစီးရတာပါပဲ မဟုတ်လား။ ဟျောင်း ပေးထားတဲ့ ကတိကြောင့် မဟုတ်တောင် ကျွန်တော်ကိုယ်တိုင်ကလဲ ထိပ်တန်းကျောင်းတွေ‌ဆီ သွားချင်ခဲ့တာပဲလေ။

ဟျောင်းက ကတိပေးထားတာ မှန်ပေမဲ့လဲ ကျွန်တော် တကယ် လိုချင်တာကို တောင်းဆိုလို့မှ မရတော့ပဲ။ သူ့ဘေးက မိန်းကလေးကို ကျွန်တော်က ဘယ်လို သွားဖယ်ထုတ်လို့ ရမှာလဲ။

ˏˋ°•*⁀➷

စာမေးပွဲရက်။

ဒီရက်က ကျောင်းသားတိုင်းအတွက် အရေးကြီးတဲ့နေ့မို့ မိဘတွေ ကိုယ်တိုင် ကျောင်းရှေ့ထိ လိုက်ပို့ပြီး အားပေးကြတာ သဘာဝ။

ကျောင်းရှေ့ရောက်တော့ သက်ပြင်းချကာ ကားပေါ်က ဆင်းလိုက်တော့ အဖေနဲ့ အမေက ကျွန်တော့်ကို အစွမ်းကုန် ကြိုးစားခဲ့ဖို့ မှာနေတာမို့ ရယ်ပြကာ သူတို့ကျု အရမ်း စိတ်မပူကြဖို့ပဲ မှာနေရ‌တော့တာ။

"ကောင်းကောင်းဖြေခဲ့နော် ဂွန်းနု"

အဲ့အချိန် နောက်ကနေ ကြားလိုက်ရတဲ့ ဟျောင်းရဲ့ အသံ။ လှည့်ကြည့်လိုက်တော့ မမြင်ရတာ ကြာပြီ ဖြစ်တဲ့ ဟျောင်းရဲ့ မျက်နှာလေးက ‌အနည်းငယ်တောင် ချောင်ကျနေသယောင်။

ဝိတ်ကျသွားတာလား။ အရမ်း ပင်ပန်းနေလို့လား။ ဘာတွေ အဆင်မပြေလို့လဲ။

ဟျောင်းရဲ့ ပုံစံက ကျွန်တော့်ကို အတွေးများစေတာ အမှန်။

"ရစ်ခီဟျောင်း။ အဆင်ပြေရဲ့လား"

Slow ShowWhere stories live. Discover now