IX

203 36 1
                                    

ဒီနေ့ကတော့ ဂွန်းနုအတွက် အရေးအကြီးဆုံးနေ့။

အမှတ်စာရင်း ထွက်မဲ့နေ့မို့ သူ့အတွက် သူ မှန်းထားသလို Top 3 ဝင်ခွင့် ရ မရ သိရတော့မဲ့ အခြေအနေ။

အမှတ်စာရင်း ကြည့်ဖို့ မိဘတွေက တက်ကြွနေပေမဲ့ စိတ်ပါလက်ပါ ဖြစ်မနေတာကတော့ ကာယကံရှင် ဂွန်းနုကိုယ်တိုင်ပင်။

သူ့အနာဂတ် သူ့အတွက် အရေးကြီးတဲ့ အခွင့်အလမ်းမို့ ရင်ခုန်နေမိပေမဲ့ နောက်တစ်ခုက သူ့စိတ်ကို အနှောင့်အယှက် ပေးနေတာ။

ဟျောင်း။ ဟျောင်း ကတိပေးထားပေမဲ့ ကျွန်တော့်မှာ တောင်းဆိုစရာ မရှိတော့ဘူး ဖြစ်နေတယ်။

အမှတ်စာရင်းထွက်ချိန်မှာ အလုအယက် ကြည့်ရင်း ကျွန်တော့်အမှတ်စာရင်းက တကယ်ကို Top 3 ရနိုင်တဲ့ အမှတ် ဖြစ်နေခဲ့ပါတယ်။

မိဘတွေကတော့ ကျွန်တော့်အတွက် အရမ်းကို ဂုဏ်ယူနေကြပြီး ဆွေမျိုးတွေကိုပါ ဖုန်းဆက်ကြွားနေကြပြီလေ။ ပြာယာတွေ ခတ်ကာ ဖုန်း အလုအယက် ဆက်နေတာမို့ သူကိုယ်တိုင်လဲ သဘောကျသလို ရယ်လိုက်မိတော့တာ။

တင်းတောင်

ထိုအချိန်မှာပဲ တံခါးဘဲလ်သံကြားတော့ ဂွန်းနုပဲ ထကာ သွားဖွင့်လိုက်တယ်။ တံခါးရှေ့မှာ ရပ်နေတဲ့ သူကတော့ တခြားသူ မဟုတ်။ ရစ်ခီကိုယ်တိုင်ပင်။

"ဟိုင်း အခြေအနေ?"

ဟျောင်းနောက်ကပဲ သူ အိမ်ထဲ ပြန်ဝင်လာလိုက်ကာ

"အင်း။ Top 3 လျှောက်လို့ ရပြီ"

"ဟ! တော်လိုက်တာ ငါ့ကောင်က"

ချက်ချင်း သူ့ဘက် မျက်နှာချင်းဆိုင် ပြန်လှည့်လာကာ သူ့ခေါင်းကို ပုတ်ရင်း ဆံပင်တွေကို ဖွလာပြန်တာ။

"အွန်း..?"

"အဲ့တော့ ဟျောင်းကတိအတိုင်းပဲ ဘာလိုချင်လဲ ပြော"

".. လောလောဆယ်တော့ မရှိသေးပါဘူး"

"ဟင်။ တကယ်ကြီးလား"

မယုံသလို ပြန်မေးလာတဲ့ ဟျောင်းကို သူ ခပ်တန်းတန်းပဲ ကြည့်ကာ ပြောဖို့ ပြင်လိုက်ပေမဲ့ အဲ့လို လုပ်ဖို့ ကြိုးစားလိုက်တိုင်း သူရဲဘောကြောင်တဲ့ သူတစ်ယောက် ဖြစ်သွားပြီး ဘာစကားမှ ထွက်မလာ။

Slow ShowWhere stories live. Discover now