မိုးကလေးဖွဲဖွဲကျနေသောမနက်ခင်းလေးမှာပြတင်းပေါက်မှတစ်ဆင့်အပြင်ဘက်သို့ငေးနေရာခေါ်သံကြားသဖြင့်လှည့်ကြည့်လိုက်သည်။
"မမလေးထိပ်ထား ခဏနေကောင်မလေးအသစ်ရောက်မယ်လို့မမလေးရဲ့ဒေါ်လေးဖုန်းဆက်လာပါတယ်"
သူမကတော့နာမည်အတိုင်းအရာရာကိုစည်းစနစ်တွေ၊စံနှုန်းတွေကိုထိပ်မှာထားတတ်တဲ့လူဖြစ်သည်။အလုပ်သမားခေါ်မည်ဆိုရင်တောင်သေချာအကဲခတ်ဆုံးဖြတ်ပြီးမှခေါ်တဲ့သူပေါ့။နာမည်ကတော့စံထိပ်ထားတဲ့။သူမကတော့ချမ်းသာတဲ့မျိုးရိုးကပေါက်ဖွားလာပြီးအလွန်ချမ်းသာတယ်။သူမရဲ့ အကြည့်တွေကအေးစက်ပြီးကြောက်စရာကောင်းတော့ မည်သူမှသူမ၏မျက်လုံးကိုတည့်တည့်မကြည့်ရဲကြဘူးပေါ့။အခုဆိုရင်လည်းအိမ်ထိန်းတော်ဖြစ်တဲ့ဒေါ်အေးကခေါင်းကိုငုံ့ပြီးသာပြောနေ၏။
"ဟုတ်ပြီ သူလာရင်ဒီကိုပဲလွှတ်ခဲ့လိုက်ပါ ပြီးရင်သူနေဖို့နေရာပြင်ထားပေးလိုက်ဦး"
ဒေါ်စံထိပ်ထားကတော့အေးစက်တဲ့အသံနဲ့သာပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါမမလေးထိပ်ထား ဒါဆိုကျွန်မကိုသွားခွင့်ပြုပါဦး"
ဒေါ်အေး၏စကားကိုခေါင်းသာငုံ့ပြီးတုံ့ပြန်လိုက်သည်။
××××××××××××××××××"ဝါးးးးးးးးး"
ပန်းဟေသာတစ်ယောက်သူမ၏မျက်စိရှေ့တွင်မြင်နေရသောနန်းတော်ကြီးသဖွယ်ကြီးကျယ်ခမ်းနားသည့်အဆောက်အဦးကြောင့်ပါးစပ်အဟောင်းသားဖြစ်နေသည်။သူမ ဒီမှာအလုပ်လုပ်ရမည်ကိုမယုံနိုင်ဖြစ်နေတော့သည်။သူမသည်အရင်ကစားသောက်ဆိုင်မှာအလုပ်လုပ်နေသည့်စားပွဲထိုးဖြစ်ပြီးဆိုင်ရှင်ကသူ့ရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျနေပင်မဲ့လည်းသူမလစာများသည့်အလုပ်ကိုရှာဖို့ဆုံးဖြတ်ပြီးအလုပ်ထွက်ခဲ့သည်။ဆိုင်ရှင်က နှမြောနေသော်လည်းတားမရတဲ့အဆုံးအလုပ်ကူရှာပေးမည်ဟူသောတောင်းဆိုချက်ကိုလက်ခံလိုက်ရာယခုအိမ်တွင်အလုပ်ရခဲ့ခြင်းဖြစ်သည်။
"ကလေးကအသစ်ယောက်လာတဲ့သူလားကွယ့်"
ဟေသာငေးလို့မဆုံးသေးခင်အိမ်ထဲမှအသံကြားလိုက်သည်။

YOU ARE READING
ကျွန်မရဲ့မမလေး(Completed)
Romanceမမလေးဆိုတဲ့နွံလေးထဲကနေဟေသာတော့မရုန်းထွက်နိုင်တော့ဘူးထင်ပါရဲ့။ -ပန်းဟေသာ တို့ပိုင်ဆိုင်မှုတွေကိုမမက်မောပါဘူး၊ဒါပေမဲ့ မင်းလေးကိုတော့အဆုံးရှုံးမခံနိုင်ဘူး။ပန်းကိုတော့မက်မောမိနေပြီထင်ပါတယ်လေ။ -စံထိပ်ထား ပထမဆုံးစရေးတာမို့အမှားပါသွားရင်ခွင့်လွှတ်ပါရှင့်