အပိုင်း-၉

21.4K 928 128
                                        

ကော်ဖီဆိုင်ပိုင်ရှင်၏
ခြေထောက်သွယ်သွယ်လေး
*

အားလပ်ရက်နေ့ စနေနေ့ဖြစ်သဖြင့် ကော်ဖီဆိုင်လေးထဲတွင် ဧည့်သည့်အများအပြား ပြည့်လျှံလျှက်ရှိသည်။ ပိုင်ရှင်ဖြစ်သည့် ဘုန်းရောင်ခပင်လျှင် ကောင်တာတွင် မနေနိုင်ပဲ ဝင်ကူညီ၍ စားပွဲထိုးနေရ၏။

အောင်ဇဗ္ဗူထွန်း ရုံးဆင်းချိန်ထိ ဧည့်သည်များမှာ အလာမရပ်သေး။ ကော်ဖီဆိုင်လေးထဲ ဝင်လိုက်သည်နှင့် ရလိုက်သည့်ကော်ဖီနံ့သင်းသင်းလေးနှင့် လှမ်းတွေ့လိုက်ရသည့်အပြုံးချိုချိုလေး။ ဘုန်းရောင်ခကြောင့်ကော်ဖီဆိုင်လေးဟာ ပိုမိုတောက်ပဝင်းလက်နေသလိုပင်။ အထူးသဖြင့် ကော်ဖီဆိုင်လေးထဲ ဟိုဟိုဒီဒီပြေးလွှားနေရင်းကို ပြုံးရွှင်နေသည့် ဘုန်းရောင်ခကို မြင်ရခြင်းမှာ ရင်ကိုပို၍ အေးချမ်းစေသည်။

"ဘူကြီးလေ ငါ့ရဲ့ကော်ဖီဆိုင်ပိုင်ရှင်လေးကို အပိုင်သိမ်းပစ်လိုက်တာတဲ့"

"အေးပေါ့။ သူကဂိုဏ်းအားကိုးနဲ့ လူမိုက်လုပ်ပြီး တစ်မြို့လုံးကို အုပ်စိုးနေတာလေ။ ကော်ဖီဆိုင်ပိုင်ရှင်လေးကို ကြည့်ပါအုံးဟယ် ​နုနုနယ်နယ်လေး။ အဲ့ဒီဘူကြီးက ဗလအားကိုးနဲ့ အနိုင်ကျင့်ပြီး သိမ်းပိုက်လိုက်တာနေမှာပေါ့"

"ဟုတ်ပ ကျက်သရေကို မရှိဘူး။ ငါ့ကော်ဖီဆိုင်ပိုင်ရှင်လေး ဘူကြီးအနိုင်ကျင့်သမျှခံနေရမှာ သနားပါတယ်ဟယ်"

အောင်ဇဗ္ဗူထွန်း ဆိုင်ပေါက်ဝမှာ ရပ်နေစဥ် တိုးတိုးကြိတ်ကြိတ် ပြောဆိုနေကြသည့် အတင်းပြောဆိုသံ။ စကားသံကြားရသည့် ဝိုင်းကို တစ်ချက်စိုက်ကြည့်လိုက်ရာတွင်တော့ ကောင်မလေးနှစ်ယောက်မှာ လန့်ဖြန်သွားပြီး ခေါင်းငုံ့သွားလေတော့သည်။

သို့ရာတွင် သူဘာမျှမပြောမိသလို ရန်လဲမရှာမိပါ။ တနည်းအားဖြင့်ဆိုလျှင် ပျော်တောင်ပျော်နေသေး၏။ ပျော်နေရခြင်းအကြောင်းမှာကား ထိုသတင်းများသည် သူတမင်လွှင့်လိုက်ခြင်းကြောင့်သာ။ ထိုမှသာ ဘုန်းရောင်ခ၏ အနားကို မည်သူမျှ ဇာတ်လမ်းလာမရှုပ်ရဲမှာဖြစ်သည်။

ဟမ့်...အလှလေးကို ပိုင်ဆိုင်ထားရတာလဲ ရင်ပူစရာတွေချည်းပဲ။

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now