အပိုင်း-၂၈

11.3K 597 39
                                    

လူမိုက်ကြီးရဲ့ အဆက်ဟောင်း
*

"ခင်ဗျား ဘယ်တုန်းကတည်းက သိနေတာလဲ"

အောင်ဇဗ္ဗူထွန်း၏ ပေါင်ပေါ်ထိုင်ရင်း အကြည့်ချင်းဆုံကာ မေးလိုက်တော့ ကြည်နူးစွာပြုံးပြလာသည်။ ထို့နောက်မှာတော့ ဆုပ်ကိုင်ထားဆဲ လက်ကလေးတွေအား နှုတ်ခမ်းဖြင့် ထိကပ်လိုက်ပြီး တစ်ချက်နမ်းလိုက်လေသည်။

"ဒီ လက်လှလှကလေးတွေကို ကိုယ်က မမှတ်မိစရာလား"

"ဒါဆို သိနေရဲ့သားနဲ့ ဘာလို့များ......"

"မိန်းမကို ဒီလိုအရှုပ်တွေထဲ ဆွဲသွင်းမိတဲ့ကိုယ်က အသုံးမကျတာပါ။ အခုအချိန်ကစပြီး မိန်းမအပေါ် အခုလို လာမပတ်သတ်အောင် ကိုယ်ဖြေရှင်းပါ့မယ်"

"မဟုတ်....မဟုတ်ဘူး။ ခင်ဗျားကြောင့် မဟုတ်ပါဘူး"

ထိုအခါ သူ့၏ ခါးတဝိုက်နားကို လက်မောင်းတွေက တင်းကြပ်သွားသည်အထိ ဖက်တွယ်လာပြီး နဖူးချင်းထိကပ်လာသည့် အောင်ဇဗ္ဗူထွန်းကြောင့် ဘုန်းရောင်ခလဲ သက်ပြင်းတစ်ချက်ချလိုက်ရင်း ထိုမျက်ဝန်းများကိုပြန်လည်ကြည့်ရှုလိုက်သည်။

"ကျွန်တော်က ခင်ဗျားထင်သလိုမျိုး ဖြူစင်ရိုးသားမနေခဲ့ဘူး ခင်ဗျားရဲ့"

"ယောကျာ်းရဲ့ မျက်လုံးထဲမှာတော့ မိန်းမကအမြဲတမ်း ဒီလိုလေးပဲ"

ချစ်ခြင်းမေတ္တာအပြည့် ခိုင်မာပြတ်သားစွာ ဖြစ်တည်နေသော ထိုအကြည့်များအား ဘုန်းရောင်ခ ရင်မဆိုင်ရဲစွာဖြင့် မျက်နှာလွှဲလိုက်လေသည်။

"ကျွန်....ကျွန်တော်....လူသတ်ဖူးတယ်ဆိုရင်ကော"

"အဲ့ဒီတော့...."

"တမင်ရည်ရွယ်ရှိရှိ လူသတ်ခဲ့တာဆိုရင်ကော"

"ဒီလက်လှလှလေးကတောင် လူသတ်ရဲမှတော့ ယောကျ်ားက အလောင်းကူဖျောက်ပေးမှာပေါ့"

"ခင်ဗျားကတော့.....ရူးနေတာပဲ ဖြစ်မယ်"

"အင်း...မိန်းမနဲ့တွေ့ပြီးကတည်းက ယောကျ်ားက ရူးသွားခဲ့ရတာလေ"

အောင်ဇဗ္ဗူထွန်း၏ ခပ်နောက်နောက် အပြောမှာ ဘုန်းရောင်ခ စိတ်လွတ်ကိုယ်လွတ်ရယ်မောမိသည်အထိ။ နဖူးချင်း ထိကပ်ထားလျှက် မျက်နှာတွေက နီးကပ်စွာ နှစ်ဦးသားအတူတကွ ရယ်မောနေမိကြပြီး ခန္ဓာကိုယ်တွေကတော့ လှုပ်ယမ်းနေခဲ့သည်လေ။

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now