အပိုင်း-၈

16.1K 818 50
                                    

ကော်ဖီဆိုင်ပိုင်ရှင်လေးက ငါတို့မရီးတဲ့
*

အောင်ဇဗ္ဗူထွန်းတစ်ယောက် ကော်ဖီဆိုင်လေးဆီသို့ အသဲအသန်ခဲမှန်နေအောင် သုတ်ခြေတင်ပြေး ရလေပြီ။ အောက်ပိုင်းက နာကျင်မှုကိုပင် အာရုံမစိုက်နိုင်တော့ပါ။

ကော်ဖီဆိုင်လေးထဲရောက်တော့ တူညီဝတ်စုံများဝတ်ဆင်ထားသော လူများက ကော်ဖီဆိုင်လေးထဲမှာ ရောက်နှင့်နေပြီး သူ့အသည်းအသက်ကလေးကို ဝိုင်းဝန်း အနိုင်ကျင့်နေကြလေပြီ။ ကော်ဖီဆိုင်ထဲသို့ ကမန်းကတန်း ဝင်ရောက်သွားလိုက်တော့ လူအုပ်ကြားထဲက ဘုန်းရောင်ခမှာ သူ့အား အေးစက်စွာဖြင့် လှမ်းကျော်ကြည့်သည်။

ဌာနဆိုင်ရာလူကြီးများ ရှိနေသဖြင့် မျက်နှာပေါ်တွင်အပြုံးတို့ဆင်မြန်းထားပေမယ့် စိတ်ရှုပ်နေသည်ကိုအတိုင်းသား မြင်တွေ့နေရပါသည်။ ထို့နောက်တွင်တော့ သူ့ဆီကို အေးစက်စက် အကြည့်တစ်ချက် ပို့လွှတ်ပြီး မျက်နှာလွှဲသွားလေ၏။ သူ့အလှလေး၏ အကြည့်က အေးစက်ခက်ထန်လွန်းပြီး ကြောက်ဖို့ကောင်းလှသဖြင့် တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထပြီး  နာကျင်သွားသလိုပင်။

မဖြစ်တော့ဘူး။
သူ့အလှလေး စိတ်ဆိုးနေပြီ။

ဝန်ထမ်းတွေနား အလျင်အမြန်သွားရောက်၍ ဘုန်းရောင်ခရှေ့ ပိတ်ရပ်လိုက်ပြီး ကာကွယ်လိုက်သော အောင်ဇဗ္ဗူထွန်း။

"တောင်းပန်ပါတယ် လူကြီးမင်းတို့။ ဒါကျွန်တော့်ဆိုင်ပါ။ ကျွန်တော်တပည့်တွေက နားလည်မှုလွဲပြီး လျှောက်လုပ်လိုက်ပုံပါပဲ။ လူကြီးမင်းတို့ကို အနှောက်အယှက် ဖြစ်သွားစေတဲ့အတွက် တောင်းပန်ပါတယ်"

တာဝန်ရှိလူကြီးများသည်လဲ အောင်ဇဗ္ဗူထွန်းက ထိုသို့ အကျိုးအကြောင်းပြောပြ တောင်းပန်လိုက်သောအခါ နဂိုမာတင်းနေသော မျက်နှာများက ပြေလျော့သွားကြပြီး ချက်ချင်းပင် ပြုံးရွှင်လာကြလေ၏။

"အော်...မသိပါဘူးဗျာ။ ဒီဆိုင်က ရောင်နီဦးကို ဆန့်ကျင်နေတယ်ဆိုပြီး သတင်းရလို့ပါ။ အချင်းချင်းတွေဆိုတော့ တော်သေးတာပေါ့။ ဒီမြို့ကို ကျွန်တော်တို့ကကို အောင်ဇဗ္ဗူထွန်း လက်ထဲ အပ်ထားတာပါ ဟဲဟဲ"

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now