အပိုင်း-၃၅

9.7K 495 46
                                    

သကြားလုံးလေးလို မိန်းမ
*

ကော်ဖီဆိုင်လေး ပိတ်သွားချိန်အထိ အောင်ဇဗ္ဗူထွန်း ပြန်မရောက်လာသေး။ အရင်ကဆို ဆိုင်မပိတ်ခင် ပြန်လာနေကျ ထိုလူဟာ အခုအချိန်တွင်တော့ တစွန်းတစပင် မမြင်ရသေးပေ။ အိမ်အပေါ်ထပ်ကို မတက်ပဲ ကော်ဖီဆိုင်လေးထဲမှာပဲ ထိုင်ရင်း စောင့်ဆိုင်းနေမိပါ၏။

အချိန်အတော်လင့်ပြီးကာမှ ကော်ဖီဆိုင်တံခါးချပ်လေးဟာ ပွင့်ဟလာပြီး လူတစ်ယောက်ဟာ ဆိုင်ထဲသို့ ဖြေးညှင်းစွာ ဝင်ရောက်လာပါတော့တယ်။ စားပွဲဝိုင်း တစ်ခုမှာထိုင်ရင်း လက်လေးထောက်ကာ အိပ်ပျော်နေသည့် လူရှေ့မှာ တိတ်ဆိတ်စွာ ဝင်ထိုင်လိုက်ပြီးနောက် အိပ်ပျော်နေဆဲ အလှလေးအား မျက်တောင်မခတ်စတမ်း ကြည့်နေပါတော့သည်။

အလှလေး၏ နီရဲနေသော နှုတ်ခမ်းပါးပါးလေး၊ မျက်တောင်မွှေးနုနုလေးတွေ၊ မထူမပါးသော မျက်ခုံးမွှေးလေးနှင့် နှာတံစင်းစင်းလေး၊ ပြီးတော့ လက်ချောင်းသွယ်သွယ်လှလှလေးတွေဟာ ဖန်ဆင်းရှင်က ထုဆစ်လိုက်သည့် အနုစိတ်လက်ရာများလား။ မေးထောက်လျှက်သား အိပ်ပျော်နေသည့် အလှလေးအား ငေးမောကြည့်ရင်း သူ့နှုတ်ခမ်းတို့ဟာ စေ့ပိတ်၍မရနိုင်သည့် ဆက်တိုက် ပြုံးမိရင်းသာ။ ထိုအခိုက် မျက်တောင်မွှေးလေးတွေဟာ အနည်းငယ်လှုပ်ရှားလာပြီး ပွင့်ဟလာသော မျက်ခွံတို့။

မျက်နှာချင်းဆိုင်မှ သူ့ကို မြင်မြင်ချင်း အနည်းငယ် ပြူးကျယ်သွားသော မျက်လုံးလေးနှင့် အိပ်ချင်မူးတူး အမူအရာလေးဟာ အောင်ဇဗ္ဗူထွန်း အတွက်တော့ တန်ဖိုးဖြတ်၍ မရနိုင်သည့် ပန်းချီကားတစ်ချပ်သဖွယ်။

"ခင်ဗျား...ဘယ်တုန်းက ပြန်ရောက်လာတာလဲ"

"အခုလေးတင်ပဲ"

"နောက်ကျလိုက်တာ"

"ဟုတ်တယ်...အရောင်းအဝယ်ကိစ္စတွေ ညှိနှိုင်းစရာတွေက နဲနဲများလို့ ကြာသွားတာ။ မိန်းမ စောင့်နေရတာ ကြာသွားလား...ဟင်"

အိပ်ငိုက်နေလို့ ပုံစံပျက်နေသည့် ဆံနွယ်စတွေကို သပ်တင်ပေးလိုက်ရင်း ချော့မော့လိုက်တော့ ဘုန်းရောင်ခက ခဏတော့ ငြိမ်သက်သွားပေမယ့် ချက်ချင်းဆိုသလို ခေါင်းပေါ်က သူ့လက်ကို ဖမ်းဆုပ်ကိုင်လိုက်သည်။

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now