အပိုင်း-၁၈

11.8K 648 75
                                    

မိန်းမအလှလေး၏ဒေါသ
*

မြို့ပြင်ဘက် ထွက်လာတော့ ဂိုဒေါင်အဟောင်းတွေ ထားသည့် နေရာဆီသို့သာ ဆိုင်ကယ်ကို မောင်းနှင်၍ ဦးတည်သွားလိုက်၏။ ဂိုဒေါင်ဟောင်း သုံးခုမှာ မလှမ်းမကမ်းတွင် တည်ရှိနေကြပြီး အလယ်ဂိုဒေါင်တစ်ခု၏ တံခါးဝမှာတော့ အစောင့်နှစ်ယောက်သုံးယောက်လောက် ရှိလေသည်။ ထို့ကြောင့်သာ အဲ့ဒီနေရာဆီသို့ဦးတည်မောင်းနှင်လိုက်တော့သည်။ လမ်းမကျယ်ကြီးဆီကနေ ညာဘက်သို့ ချိုးချလိုက်တော့ ကတ္တရာလမ်းဆုံးချိန်တွင် မြေသားတွေကြီးသာ ခင်းထားသည့်လမ်းမို့ ဆိုင်ကယ်မောင်းနှင်သွားသောအခါ ဖုန်တွေက လှိုင်းလုံးသဖွယ်အနောက်တွင် တလိမ့်လိမ့်ကျန်ခဲ့တော့သည်။

ဂိုဒေါင်ရှေ့မှာ ဆိုင်ကယ်ကို စက်သတ်လိုက်ပြီးနောက် ဦးထုတ်ကို ဆွဲချွတ်လိုက်သည့်အခါ ဂိုဒေါင်ရှေ့မှာ စောင့်ကြပ်နေသည့် လူနှစ်ယောက်က အနည်းငယ်တော့ မှင်သက်သွားပုံပင်။ သူ့ကို ဒီလောက်ကြည့်နေပုံအရတော့ ဒီဂိုဏ်းသားတွေဟာ ရောင်နီဦးဂိုဏ်သားတွေ မဖြစ်နိုင်ပါ။ အောင်ဇဗ္ဗူထွန်းကြောင့် ရောင်နီဦးဂိုဏ်းသားအကုန်လုံးဟာ သူ့ကိုတစ်ယောက်မှ ဒီလိုမကြည့်ရဲကြ။

"ဒီမှာ ရောင်နီဦးဂိုဏ်းခေါင်းဆောင်ရှိလား"

"မင်းနဲ့ ဘာဆိုင်လဲကွ"

"ငါ သူနဲ့တွေ့ချင်လို့ အထဲဝင်မှရမယ်"

"အောင်မာ...ရုပ်ကလေးချောလို့ ကြည့်နေတာကို အကောင်းမှတ်နေတာ။ ဒီထဲကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် လို့ရတယ်များ အောက်မေ့နေလားကွ။ အခုချက်ချင်းလာရာ လမ်းအတိုင်း လှည့်ပြန်တော့"

"ရောင်နီဦးဂိုဏ်းခေါင်းဆောင်ကို တွေ့ရမှ ဖြစ်မှာမို့ တံခါးဖွင့်ပေး"

"မင်းက ဘာကောင်မို့ ငါတို့က မင်းပြောတိုင်းဖွင့်ပေးရမှာလဲ"

ဘုန်းရောင်ခလဲ နောက်ထပ်စကားတွေ ရှည်ရှည်ဝေးဝေး မပြောချင်တော့တာမို့ လက်ထဲက ဆိုင်ကယ်ဦးထုပ်နှင့် ထိုကောင်၏ ခေါင်းကို ဆွဲရိုက်ပစ်လိုက်တော့ မြေပြင်ပေါ်သို့နာကျင်စွာ လဲကျသွားသည်။ သူတို့လူ အချခံရသည်ကို မြင်သောအခါ ဘေးနားကလူများသည်လဲ အသင့်အနေအထားဖြင့် သူ့အား တိုက်ခိုက်ရန် ဝိုင်းရံလာကြတော့၏။

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now