အပိုင်း-၂၂

11.3K 606 49
                                    

အပေးအယူ
*

စားပွဲခုံမှာ ကော်ဖီခွက်ကို ချပေးပြီး ဝင်ထိုင်လိုက်တော့ မျက်နှာချင်းဆိုင်မှ လူက ကော်ဖီခွက်ကို ကိုင်ထားလိုက်ပြီး ဆိုင်ကိုလှည့်ပတ်ကြည့်နေ၏။

"ဆိုင်လေးက လှသားပဲ"

ဘုန်းရောင်ခမှာ ဂရုမစိုက်သလို သဘောထားပြီး ကော်ဖီခွက်ကိုသာ ကိုင်၍ သောက်လိုက်၏။

"ဘာကိစ္စလဲ"

အေးစက်စက်လေသံကြောင့် မျက်နှာချင်းဆိုင်က လူက တစ်ချက်ပြုံးလာသည်။

"မတွေ့ရတာကြာတဲ့ မိတ်ဆွေဟောင်းတွေ ပြန်တွေ့တာပဲ။ အခုလောက်ကြီး မစိမ်းကားပါနဲ့လား"

"..........."

"မင်းက အကုန်လုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး ပျောက်သွားခဲ့တော့ ငါတို့က မင်း နိုင်ငံခြား လစ်သွားလောက်ပြီ ထင်နေတာ။ မထင်ထားဘူး။ ဒီလို နယ်စပ်မြို့လေးမှာ လာပုန်းနေလောက်မယ်လို့"

ဘုန်းရောင်ခက မျက်နှာချင်းဆိုင်က လူကို မရှိသလိုသာ သဘောထား၍ ကော်ဖီကိုအေးအေးဆေးဆေး သောက်ရင်းသာ မှန်တံခါးအပြင်ဘက်က မြင်ကွင်းတွေကိုသာ ကြည့်ရှုနေဆဲ။ ဘုန်းရောင်ခ၏ လျစ်လျူရှုဟန် အမူအရာအား ထိုလူက မြင်တော့ ညစ်တစ်တစ် အပြုံးတစ်ခု ဆင်မြန်းလိုက်ပြီး

"မင်း မသိချင်ဘူးလား။ အဲ့ဒီညကကောင် သေမသေ ဆိုတာ"

ကော်ဖီခွက်ကို ကိုင်ထားသည့် ဘုန်းရောင်ခ၏ လက်တွေက တစ်ချက်တော့ တုန်ယင်သွားလေသည်။ သို့သော်လဲ တုန်ယင်သွားသောလက်ကို ပြန်လည်ထိန်းသိမ်းလိုက်ပြီးနောက် ကော်ဖီခွက်ကို ခုံပေါ် ပြန်ချလိုက်သည်။

"ငါ ဘာမှ မစုံစမ်းထားဘူးလို့ ထင်နေတာလား။ အဲ့ဒီ.....တစ်ယောက်က ဘာမှမဖြစ်လို့သာ အခုချိန်အထိ အခြေအနေ မထူးတာပေါ့"

ဘုန်းရောင်ခ၏အပြောကို ထိုလူက အားရပါးရ အော်ဟစ်ရယ်မောလိုက်သည်မှာ တစ်ကိုယ်လုံး တုန်ခါသည်အထိ။

"မင်းတကယ်ကို ဘာမှမသိသေးတာပါလား။ မဟုတ်ဘူး။ ဘာမှမဖြစ်လို့ အခြေအနေ မထူးတာမဟုတ်ပဲ တမင်မထူးအောင် လုပ်ထားလို့ပါကွာ"

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now