အလှလေး၏
လက်ချောင်းသွယ်သွယ်လှလှလေးတွေ
*ဘုန်းရောင်ခ ခေါင်းစွပ်ပါတဲ့ အနွေးထည်အင်္ကျီ အမဲရောင်ကို ဝတ်ပြီး အိမ်နောက်ဖေး လှေကားဘက်ကနေ ဆင်းလိုက်သည်။ ပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်လေ့လာကာ ခေါင်းစွပ်ကို ပို၍လုံခြုံအောင် ဆွဲဖုံးလိုက်ပြီး ချိန်းဆိုထားသည့် နေရာဆီသို့။
ပစ္စည်းပို့ပေးပြီး၍ ပြန်ထွက်လာသောအခါ ဟိုဟိုဒီဒီ ပတ်ဝန်းကျင်အား လှည့်ပတ်ရှာကြည့်သော်လဲ မည်သူမျှမတွေ့ရ။ ဒီရက်ပိုင်းအတွင်း သူ့နောက်ကို လူတွေ နောက်ယောင်ခံလိုက်လာသည်ကို သတိထားမိသည်။ ထိုလူများကို မျက်ခြေဖြတ်ပြီး ပစ္စည်းပို့ပေးရန်ချိန်းဆိုထားသောနေရာဆီသို့ ခက်ခက်ခဲခဲ သွားနေရသည်။ သို့ပေမယ့် ဒီနှစ်ရက်လောက်က စပြီး အဲ့ဒီနောက်ယောင်ခံလိုက်နေသူများကို မတွေ့ရတော့ပဲ ပျောက်ချင်းမလှ ပျောက်သွားသည်မို့ စိတ်ထဲ ထူးဆန်းနေရသည်။ ခေါင်းစွပ်ကို ဆွဲလှန်လိုက်ပြီး သေချာစွာ လှည့်ပတ် စစ်ဆေးနေပါသော်လဲ တကယ်ကို မည်သူမျှမရှိပါ။
တစ်ဖက်တွင်လဲ ရုံးခန်းထဲရှိ အောင်ဇဗ္ဗူထွန်းမှာ ဓာတ်ပုံလေးတစ်ပုံကို ကိုင်ထားရင်း သေချာကြည့်ရှုပြီး ပြုံးနေပါတော့သည်။
~~~~~~~~~~~~~~~~~
လွယ်ဆွတ်ဂျာခန်းတစ်ယောက် ထမင်းဘူးနှင့် ဟင်းဘူးများ ထည့်ထားသည့် ဆွဲခြင်းတောင်းအား ဆွဲ၍ ရုံးခန်းထဲသို့ ဝင်လာစဥ် မျှော်လင့်ထားသူအား မတွေ့ရပဲ စေပြည့်စုံ၏ အကိုဖြစ်သူကိုသာ တွေ့လိုက်ရ၏။ ငါးပူတင်းငါးရှဥ့်ကောင်၏ အကိုဖြစ်သူ ထွဋ်ခေါင်ပြည့် ဆိုသူမှာ အမြဲတမ်း အလုပ်ကိစ္စဖြင့် ခရီးသွားနေလေ့ရှိပြီး အိမ်ကို တခါတလေမှသာ ပြန်လာတတ်သူဖြစ်သဖြင့် မျက်နှာချင်းသိပ်မဆိုင်ဖြစ်။ ထို့ကြောင်မို့ ယခုလို တည့်တည့်ကြီး တိုးသည့်အချိန်မှာ လွယ်ဆွတ်ဂျာခန်းတစ်ယောက် မျက်နှာပူပြီး နေမထိထိုင်မသာ ဖြစ်ရလေပြီ။
"ဟို...မရှိဘူး ဆိုရင်လဲ ကျွန်တော် ပြန်လိုက်ပါအုံးမယ်"
"ရတယ်။အဲ့ဒီမှာ ထိုင်နေလေ။ ကိစ္စလေးရှိလို့ ပစ္စည်းတွေ တစ်ချက် သွားစစ်ခိုင်းထားတာ။ ခဏနေ အဲ့ဒီကောင်ပြန်လာလိမ့်မယ်"
![](https://img.wattpad.com/cover/353855370-288-k116395.jpg)
YOU ARE READING
Coffeeshop Owner is Gangsta's Boyfriend [Complete]