အပိုင်း-၃၉

10K 464 11
                                    

လူမိုက်ကြီး၏နှလုံးခုန်သံ
*

ကုတင်ပေါ်တွင် လဲလျောင်းရင်း မုန့်ဖုတ်သည့် ဗီဒီယိုများ ကြည့်ရှူနေခိုက် အခန်းတံခါးကအနည်းငယ် ပွင့်ဟလာသည်မို့ လှည့်ကြည့်လိုက်ရာ အခန်းဝတွင် ပြူတစ်ပြူတစ် လုပ်နေသော လူသုံးလေးယောက်။

"ဘာကိစ္စရှိလို့လဲ...မင်းတို့ဆရာတော့ မရှိဘူး အိမ် ခဏပြန်သွားတယ်"

"ကျွန်တော်တို့ကလဲ ဆရာကတော်နဲ့ပဲ တွေ့ချင်တာပါ"

"​သြော်..အဲ့ဒါဆို ဝင်ခဲ့လေ"

ဘုန်းရောင်ခက ထိုသို့ ခေါ်လိုက်တော့မှ အခန်းထဲ အပြေးအလွှားရောက်လာပြီး ကုတင်အနားတွင် မတ်တပ်ရပ်ကာ ခါးကိုညွှတ်၍ အရိုအသေပေးလာကြ၏။

"ဆရာကတော် သက်သာရဲ့လား။ ဘယ်နေ့ဆေးရုံက ဆင်းရမှာလဲဗျ"

"အင်း...သက်သာသွားပါပြီ။ ဆေးရုံက ဆင်းလို့ရနေပြီကို မင်းတို့ဆရာက မဆင်းခိုင်းသေးတာ"

"ဟုတ်...ဟုတ်ကဲ့"

ကုတင်ဘေးနားတွင် မတ်တပ်ရပ်နေကြသည့် လူသုံးလေးယောက်မှာ တစ်ခုခု ပြောချင်နေဟန် ပုံစံကြောင့်

"ကျွန်တော့်ကို ပြောစရာတစ်ခုခု ရှိရင် ပြောလို့ ရပါတယ်။ ဘာကိစ္စရှိလို့လဲ"

"ဟို..ဟိုလေ ဆရာကတော်..."

"အင်း...မင်းတို့ဆရာ ကိစ္စလား"

"ဟုတ်..ဟုတ်ပါတယ် ဆရာကတော်"

"ဘာဖြစ်လို့လဲ သူက"

"ဆရာက တရုတ်ငွေလိမ်ဂိုဏ်းတွေကို အပြတ် နှိမ်နင်းဖို့ လုပ်နေတယ် ဆရာကတော်။ ကျွန်တော်တို့အဖွဲ့နဲ့ ပြသနာတက်တဲ့ဂိုဏ်းက တရုတ်ဘက်က ငွေလိမ်ဂိုဏ်းနဲ့ ပတ်သတ်နေတာမို့ ဆရာက အဲ့ဒီငွေလိမ်ဂိုဏ်းတွေကို တရုတ်ဘက်က တာဝန်ရှိသူတွေနဲ့ ဒီဘက်က တာဝန်ရှိသူတွေနဲ့ပါ ပူးပေါင်းပြီး နှိမ်နင်းဖို့လုပ်နေပါတယ်"

"အင်း...အဲ့ဒါက ကောင်းတာပဲမလား။ ဘာဖြစ်လို့လဲ"

"ကောင်းတာတော့ မှန်ပေမယ့် သိပ်တော့မကောင်းဘူး ဆရာကတော်။ အဲ့ဒီ ငွေလိမ်ဂိုဏ်းတွေက ကျွန်တော်တို့ဂိုဏ်းနဲ့တော့ တိုက်ရိုက် မပတ်သတ်ပေမယ့် ကျွန်တော်တို့ဆီက ငွေတိုးယူထားတဲ့ တချို့လူတွေက ငွေလိမ်ဂိုဏ်းနဲ့ ပတ်သတ်နေတဲ့သူတွေလဲ ရှိပါတယ်။ အဲ့ဒါကြောင့် ငွေလိမ်ဂိုဏ်းကို လုံးဝနှိမ်နင်းပစ်လိုက်ရင် ကျွန်တော်တို့ဂိုဏ်းဘက်မှာလဲ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်လို့ပါ"

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now