ဇာတ်သိမ်းပိုင်း(End)

25.2K 715 138
                                    

လူမိုက်ကြီးနှင့် အလှလေး၏
ချစ်ခရီးရှည်ရှည်
*

မနက်မိုးသောက် ရောက်ချိန်တွင်တော့ ဘုန်းရောင်ခ တစ်ယောက် အိပ်ရာမနိုးသေးခင်မှာတင် ခါးနားတဝှိုက်မှာ အထိအတွေ့တစ်ခု ရရှိလိုက်၏။ မျက်လုံးတို့ ဖွင့်ကြည့်လိုက်တော့ ခါးရှိ အမာရွတ်အား ညင်သာစွာ ထိကပ်နမ်းရှိုက်နေသော ထိုလူ။

"ဘာလုပ်နေတာလဲ ခင်ဗျားရဲ့"

အိပ်ရာထကာစမို့ ဘုန်းရောင်ခ၏ အသံလေးက အနည်းငယ် အစ်တစ်တစ်ဖြစ်နေသည်။ အသံကို ကြားတော့မှ အောင်ဇဗ္ဗူထွန်းသည် လဲ မော့ကြည့်လာသည်။

"ဘာမှမလုပ်ပါဘူး"

အမာရွတ်ကို မြင်လေတိုင်း အပြစ်ရှိစိတ်နှင့် ခပ်တိုးတိုး တောင်းပန်ရေရွတ်ရင်း ခါးနားတဝိုက်အမာရွတ်ကို နမ်းရှိုက်လိမ့်မည်။ ဒါဟာထိုလူ၏ အခုနောက်ပိုင်းဖြစ်ပေါ်လာလေသော အကျင့်တစ်ခု။ ဘုန်းရောင်ခ ပြုံးမိရင်းသာ အောင်ဇဗ္ဗူထွန်း၏ ခန္ဓာကိုယ်အားအပေါ်သို့ ဆွဲခေါ်လိုက်သည်။

"ကျွန်တော့်ကို တောင်းပန်နေပြန်ပြီလား"

အောင်ဇဗ္ဗူထွန်းဟာ ထိုမေးခွန်းကို ပြန်မဖြေခဲ့ပါပဲ ဘုန်းရောင်ခကိုသာ ပြုံးရင်း ငေးမောကြည့်နေတော့သည်။ ထိုအခါ အောင်ဇဗ္ဗူထွန်း၏ တုတ်ခိုင်သန်မာလှသော လက်မောင်းတွေကြားထဲ တိုးဝင်ပြီး မျက်လုံးမို့မို့လေးတွေ ပိတ်ကျသွားသည်အထိသဘောတကျ ရယ်မောနေသော ဘုန်းရောင်ခ။

"ခင်ဗျား ကျွန်တော့်ကို ဘယ်နှခါလောက်တောင်းပန်နေမှာလဲ၊ ပြောပါအုံး"

"ယောကျ်ားဘဝ တစ်သက်လုံး"

"ဟင်...ဒါဆို အကြာကြီးပဲ"

"အင်း...၊ မိန်းမငြီးငွေ့လောက်တဲ့အထိ ကိုယ့်တစ်ဘဝလုံး သေသည်အထိ တောင်းပန်သွားမှာ"

"မလိုပါဘူးဆို ခင်ဗျားကတော့"

သူ့လက်မောင်းပေါ်က ဘီလူးပုံတက်တူးအား လက်ညိုးထိပ်ဖျားလေးဖြင့် လိုက်ရေးခြစ်နေသော လက်ကလေးအား ဖမ်းဆွဲထားရင်း ခပ်ဖွဖွ နမ်းရှိုက်လိုက်သည်။

"မိန်းမရဲ့ အရမ်းလှပလွန်းတဲ့ ခန္ဓာကိုယ်ပေါ်မှာ ရုပ်ဆိုးတဲ့ အမာရွတ်ကြီး ဖြစ်အောင် လုပ်မိတာ ကိုယ်ပဲမို့ မိန်းမအနားနေရင်း အဲ့ဒီအပြစ်ကို တစ်သက်လုံး ပေးဆပ်သွားမှာ"

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now