အပိုင်း-၄၀

12.7K 528 36
                                    

ပံ့သကူ
*

မနက်စောစောထကာ ကော်ဖီဆိုင်လေး ဖွင့်ရန်အတွက် ပြင်ဆင်နေသော ဘုန်းရောင်ခ။

အိပ်ရာနိုးနိုးချင်း မိန်းမအလှလေးကို မတွေ့ရသောကြောင့် အိပ်မှုန်စုံမွှားနှင့် အောက်ထပ်ဆင်းလာသော အောင်ဇဗ္ဗူထွန်းသည် အေပရွန်လေးဝတ်ကာ ဂျုံတွေနယ်နေသော ဘုန်းရောင်ခကို မြင်မှ ပြုံးလိုက်၏။

ဘုန်းရောင်ခ၏ ခါးသေးသေးသွယ်သွယ်လေးအား လက်နှစ်ဖက်ဖြင့် ရစ်သိုင်းဖက်ထားလိုက်ပြီး ပုခုံးပေါ်သို့ မျက်နှာတင်ကာ မုန့်လုပ်နေသည်ကို ပျင်းရိပျင်းတွဲစွာဖြင့် ကြည့်နေလေတော့သည်။

"နိုးလာပြီလား"

"အင်း...မိန်းမက အစောကြီး မုန့်တွေထ လုပ်နေတာလား"

"အင်း မနေ့က တန်ဆောင်မုန်းလပြည့်နေ့လေ။ ဆိုင်ကိုလာတဲ့ ဧည့်သည်တွေကို ပံ့သကူ လက်ဆောင်ပေးချင်တာ။ ဒါပေမယ့်ဆိုင်ပိတ်ရက် ဖြစ်သွားလို့ ဒီနေ့မှ လက်ဆောင်ပေးမလို့ ပြင်နေတာ"

"ဘာလို့ပေးမှာလဲ၊ မပေးနဲ့ အလုပ်ရှုပ်တယ်"

မကျေမနပ်လေသံဖြင့် ဂျစ်ကန်ကန် ပြောလာသည်ကို ဘုန်းရောင်ခသည် ဘာမှပြန်မပြောခဲ့ပါပဲ ဂျုံများကိုသာ ဆက်လက်နယ်နေရင်း ပြုံးနေခဲ့ပါ၏။

"အဲ့ဒါဆို ယောကျ်ားလဲ ရုံးပိတ်လိုက်မယ်လေ"

"ခင်ဗျားက ဘာဖြစ်လို့ ပိတ်မှာလဲ"

"အော်...လပြည့်နေ့ညပြီးတော့ သူခိုးကြီးညဆိုတော့ ကိုယ့်တပည့်တွေအေးအေးဆေးဆေး အနားယူလို့ ရအောင်လို့ပါ"

ဘုန်းရောင်ခသည် သူ့ပုခုံးပေါ်မှာ မေးတင်ထားသည့် အောင်ဇဗ္ဗူထွန်းအား စူးစမ်းသလိုကြည့်ရှု၍ မျက်စောင်းလှလှကလေး ထိုးလိုက်၏။ ဤသည်ကိုမြင်သော လူမိုက်ကြီးမှာလဲ မမြင်ချင်ယောင်ဆောင်လျှက်သာ။

"မိန်းမလက်ကလေးတွေက လှလိုက်တာ"

"ဟုတ်လား၊ ခင်ဗျားကြိုက်လား"

"အင်း...အရမ်းကြိုက်တာ"

"ခင်ဗျားကြိုက်ရင် ရပြီ"

မုန့်လုပ်နေဆဲ လက်များအား လာရောက်နှောင့်ယှက်နေသဖြင့် ဘုန်းရောင်ခ ရယ်မောလိုက်ရင်း နောက်ကိုလှည့်လိုက်၏။

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now