အပိုင်း-၃၃

11.2K 539 31
                                    

မိန်းမကအလှပဆုံးပန်းလေးတစ်ပွင့်
*

အောင်ဇဗ္ဗူထွန်း သူ့ရင်အုပ်တွေပေါ် တင်ထားသည့် လက်ဖဝါးနုနုလေးအား ဆွဲကိုင်ယူလိုက်ပြီး စိုးရိမ်ပူပန်နေသည့် မျက်ဝန်းကလေးများကို စိုက်ကြည့်လိုက်သည်။

"အဲ့ဒီကလေး သေသွားခဲ့လား"

"ဟင့်အင်း...သေတော့ မသေသွားခဲ့ပေမယ့်လဲ...."

"ဒါဆို ရပြီပေါ့"

"ဒါပေမယ့်.... ကျွန်တော်အသိစိတ် ရှိနေရင်းနဲ့ကို ရပ်ရမယ်မှန်းသိပေမယ့် မရပ်နိုင်ခဲ့ဘူးလေ"

"ကိုယ့်ရဲ့မိန်းမလေးက ဆိုးလိုက်တာကွာ"

"အင်း...ကျွန်တော်က အရမ်းဆိုးတော့ ခင်ဗျား ကျွန်တော့်ကို ထားသွားမှာလား.. ဟင်"

"ဘယ်ဖြစ်မလဲ...ထားသွားမှ မိန်းမက အရမ်းဆိုးသွားမှာပေါ့။ ကိုယ်က ကိုယ့်မိန်းမလေး ဒီထက် မဆိုးတော့အောင် ထိန်းပြီး ဆုံးမပေးမှာ"

မျက်စိတစ်ဖက်အားမှိတ်ပြကာ နောက်တောက်တောက် ပြောလိုက်တော့မှ အလှလေး၏ မျက်ဝန်းထဲက စိုးရိမ်ပူပန်မှုတွေက အနည်းငယ် လျော့ကျသွားတော့တယ်။

"ဒါပေမယ့် ယောကျ်ားကို ကတိတစ်ခုတော့ပေးရမယ်"

"ဘာလဲ ဟင်"

"အဲ့ဒီလိုမျိုး နောက်ထပ်ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူးဆိုတာရယ်၊ အဲ့ဒီအဖွဲ့ဆီကို ဘယ်တော့မှ ပြန်မသွားတော့ပါဘူး ဆိုတာရယ်"

"ခင်ဗျားက ကျွန်တော့်ဘေးနားမှာ အမြဲရှိနေပေးမှာလား"

"ယောကျ်ား တစ်သက်လုံးပဲ"

"ဒါဆို ခင်ဗျားသဘောအတိုင်းပဲ ကတိပေးတယ်"

"ပြီးတော့ နောက်ဆို မိန်းမရဲ့အကျင့်ဆိုးလေးတွေပေါ်လာရင် ဒီယောကျ်ားကိုပဲ လုပ်ရမယ်"

"ခင်ဗျား နာလိမ့်မယ်"

"ဘာဖြစ်လဲ"

"အရမ်းနာမှာနော်"

"ဟမ့်...မိန်းမက ဒီယောကျ်ားကို အထင်သေးလိုက်တာလား။ ဒီလို ဘော်ဒီနဲ့ ခန္ဓာကိုယ်က မိန်းမရဲ့လက်နုနုလေးနဲ့ ရိုက်တဲ့ အပျော့စား ရိုက်ချက်တွေကို မခံနိုင်ဘူးများထင်နေတာလား။ အထင်သေးလိုက်တာများ"

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now