အပိုင်း-၂၉

9.8K 553 66
                                    

လူမိုက်ကြီး၏ချစ်ဇနီးလောင်းလေး
*

သူ့ပေါင်ပေါ် တက်ထိုင်ပြီး စားပွဲခုံပေါ်ကကိတ်မုန့်လှလှလေးအား ဇွန်းနဲ့ယူစားနေသော ကလေးမလေးကို တစ်လှည့် သူ့မျက်စိရှေ့မှာထိုင်နေသည့် အလှလေးကို တစ်လှည့်ကြည့်ရင်း အောင်ဇဗ္ဗူထွန်း ဗျာများနေရချေပြီ။

"ဦးလေးကြီး ရော့ အာ..."

ရင်ခွင်ထဲက ကလေးမလေးက ကိတ်မုန့်တစ်ဇွန်းကို ပါးစပ်နားတိုးလာပေးတော့ အယောင်ယောင်အမှားမှားဖြင့် စားလိုက်ရသေးသည်။

ဘုန်းရောင်ခသည်တော့ မျက်နှာချင်းဆိုင်မှာရှိနေပေမယ့် သူတို့နှစ်ယောက်ကို စိတ်ဝင်တစား မကြည့်ပါပဲ အကြည့်တို့လွှဲကာ ကော်ဖီကိုသာ သောက်နေခဲ့၏။

"မိန်းမ ဒါကလေ ကိုယ်စောင့်ရှောက်ထားတဲ့ကလေးမလေး"

"အော်...."

အောင်ဇဗ္ဗူထွန်းက ကလေးမလေး၏ ဆံပင်လေးများကို ခပ်ဖွဖွပွတ်သပ်ပေးရင်း နားနှစ်ဖက်ကို မသိမသာ ပိတ်ကာထားလိုက်ပြီးနောက်

"ဒီကလေးရဲ့ မိဘတွေက ကိုဗစ်မှာ ဆုံးပါး သွားကြတာ။ သူ့အဖေက ကိုယ့်ဂိုဏ်းသားမို့ ကိုယ်က ကလေးမလေးကို ထောက်ပံ့ စောင့်ရှောက်ပေးထားတာ။ ငွေရေးကြေးရေးနဲ့ပါပဲ။ အခုတော့ သူ့အဒေါ်နဲ့ အတူနေနေတယ်"

ဘုန်းရောင်ခက အောင်ဇဗ္ဗူထွန်း၏ ရင်ခွင်ထဲနစ်မြုပ်ကာ ပျော်ရွှင်စွာ ကိတ်မုန့်စားနေသည့် ကလေးမလေးကို ​တစ်ချက်စိုက်ကြည့်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် အကြည့်တို့ပြန် လွှဲသွား၏။

အောင်ဇဗ္ဗူထွန်းသည်လဲ ဘာဆက်ပြောရမှန်းမသိ ဖြစ်နေစဥ်မှာတင် ကလေးမလေးကလှုပ်ယွလာပြီး နားကိုအုပ်ကာထားသည့်လက်တွေကို ဆွဲဖယ်လိုက်သည်။ ထို့နောက်တွင်တော့ သူ့လက်တွင် ဝတ်ထားသည့် ကစားစရာလက်စွပ်ကိုကြည့်ပြီး တစ်ခစ်ခစ်ရယ်မောနေသည်။

လက်စွပ်မှာတော့ ကစားစရာ ကော်လက်စွပ်ဖြစ်ပြီး ရတနာများ တပ်ဆင်ရသည့် ထိပ်နေရာတွင်တော့ သကြားလုံးနီနီကြီးတစ်ခု။

"မီးမီးနှုတ်ဆက်လိုက်အုံး။ ဒါဦးဦးရဲ့ မိန်းမ"

"ဟမ်....ပြောတော့ ဦးလေးကြီးက မီးကိုပဲ ယူမယ်။ လက်ထပ်မယ်ဆို"

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now