အလှလေးက လူမိုက်ကြီးကို မချစ်ဘူးထင်နေကြလို့ လာရှင်းပြပေးတာပါ🥺💙
အလှလေးက လူမိုက်ကြီးကို အရမ်းချစ်ပါတယ်ရှင်။ ချစ်လွန်းလို့ အချိန်အကြာကြီးလိုက်ရှာခဲ့ပြီး ပြန်ရှာတွေ့တဲ့အချိန်မှာ အရာအားလုံးကို ပစ်ထားခဲ့ပြီး လူမိုက်ကြီးရှိတဲ့နေရာကို လိုက်လာခဲ့တာပါ။ ပြီးတော့ လူမိုက်ကြီး သူ့ကိုသတိထားမိလာစေဖို့ နည်းလမ်းပေါင်းစုံသုံးပြီး စည်းရုံးသိမ်းသွင်းခဲ့တာပါ။
လူမိုက်ကြီးကတောင် အခုထက်ထိ မမှတ်မိသေးပါဘူး။ သူ့အတွက်က ပြန်မှတ်မိမယ်လဲမထင်ပါဘူး။ ဖြတ်သွားဖြတ်လာ ကလေးတစ်ယောက်ကို ကူညီပေးခဲ့တဲ့ အနေအထားဆိုတော့လေ။
အလှလေးက လူမိုက်ကြီးကို အရမ်းချစ်ပေမယ့် အဲ့ဒီနှိပ်စက်တတ်တဲ့ အကျင့်ဆိုးက သူ့ရဲ့ Darksideလို သဘောမျိုးဖြစ်နေတာပါ။ နဂိုထဲက အကျင့်ရယ်၊ ခြေထောက်ဒဏ်ရာကြောင့် အားကစားသမားလောက ကအနားယူလိုက်တာရော၊ မိဘတွေဆုံးပါးသွားခဲ့တာရယ်ပေါင်းပြီး စိတ်ဒဏ်ရာက တော်တော်လေး ပြင်းထန်ခဲ့မှာပါ။ အဲ့ဒီအတွက်ကြောင့် လွတ်ချင်တိုင်းလွတ်ထွက်ခဲ့ပြီး ဆိုးချင်တိုင်းဆိုးရင်း အလှလေးရဲ့ စိတ်အခြေအနေက နည်းနည်း အမှောင်ဘက်ပိုင်း ရောက်သွားမယ် ထင်ပါတယ်။
ဒါတောင် လူမိုက်ကြီးကို အရမ်းချစ်လွန်းလို့ သူစိတ်နဲ့ အကျင့်ဆိုးကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး အခန်းတံခါးသော့ကိုတောင် အကြာကြီး ပိတ်ထားခဲ့တာပါ။
လူမိုက်ကြီးကတော့ ဘာမှမသိ၊ ဘာမှမမှတ်မိခဲ့ပဲ အလှလေးရဲ့ အလှတရားနဲ့ အကွက်တွေထဲမှာ နစ်မြောသွားတာပါ🤭 လူမိုက်ကြီးကလဲ သူ့အတွက် အန္တရာယ်မရှိလောက်တဲ့ အနေအထားမို့ အလှလေးစိတ်တိုင်းကျ ခွင့်ပြုပေးထားတာနေမှာပါ။
အလှလေးက သူလုပ်သလို ပြန်လုပ်ပြီး အပေါ်မှာနေဖို့ ပြောပါတယ်ရှင်။ မိန်းမအလှလေးကို သဲသဲလှုပ်နေတဲ့ လူမိုက်ကြီးက ဘာဆိုဘာမှကို မလုပ်ပါတာရှင်။ မိန်းမထိပ်ထားစံနေတာပါ သူက🤭
လူမိုက်ကြီးကတော့ သည်းခံခွင့်လွှတ်ပေးတဲ့ချစ်ခြင်းမျိုးနဲ့ ကလေးတစ်ယောက်ဆိုးချင်တိုင်း ဆိုးတာကို ခွင့်ပြုပေးထားတဲ့ အချစ်မျိုးနဲ့ ချစ်တာဖြစ်ပြီး အလှလေးကတော့ အနိုင်ယူပြီးအပိုင်သိမ်းချင်တဲ့အချစ်မျိုးနဲ့ချစ်တာပါ။
YOU ARE READING
Coffeeshop Owner is Gangsta's Boyfriend [Complete]