အပိုင်း-၃၄

9.6K 509 30
                                    

လူမိုက်ကြီး၏အိမ်အပြန်ခရီး
*

"ဆရာ ကျွန်တော်ရောက်ပါပြီ"

ရုံးခန်းထဲတွင် ထိုင်နေစဥ်အတွင်း ဝမ်းသာအားရ အော်ဟစ်သံနှင့်အတူ တံခါးဖွင့်ဝင်လာသော သူတို့ဂိုဏ်း၏ အငယ်ဆုံးလေး။ မြူးတူးပျော်ရွှင်စွာ ဝင်ရောက်လာသော ကောင်လေး၏ နောက်တွင်တော့ စေပြည့်စုံသည်လဲ အတူတကွ လိုက်ပါလာလျှက်။

"အင်း...အလည်လာတာလား ကောင်စုတ်လေး"

"ဟုတ်တယ် ဆရာ။ ဆရာနဲ့ အကိုတွေကိုသတိရလို့"

လွယ်ဆွတ်ဂျာခန်းတစ်ယောက် ပျော်မြူးလွန်းသည်ကြောင့် ပြုံးနေသည်ကို မရပ်တန့်နိုင်တော့ပဲ အောင်ဇဗ္ဗူထွန်း၏ရှေ့တွင်ခုန်ဆွခုန်ဆွ ဖြစ်နေတော့သည်။

"အခုမှ ဆရာနဲ့အကိုတွေကို သတိရဖော် ရတော့တယ်ပေါ့။ နှစ်ရက်ကလေး လွှတ်လိုက်တာ ပြန်ကိုပေါ်မလာတော့ဘူး"

"မဟုတ်ပါဘူး ဆရာရယ်။ အဲ့ဒါက အဲ့ဒီလူကြီးကြောင့်ပေါ့။ ကျွန်တော်က ဆရာ့ဆီ ပြန်ချင်ပါတယ် ပြောတာကို လိုက်မပို့ပေးဘူးလေ"

အောင်ဇဗ္ဗူထွန်းသည် မျက်မှောက်ကြုံ့ပြီး အနောက်ဘက်သို့ လှမ်းကျော်ကြည့်လိုက်သော အကြည့်များကြောင့် အနောက်တွင်ရပ်နေသော စေပြည့်စုံခမျာ တံတွေးပင် သီးသွားရတော့သည်။

"ဟာ....အဲ့ဒီလို မကြည့်နဲ့လေ အကိုကြီးရာ။ ကျွန်တော်လဲ မအားလို့ပါ။ အခုမှ အားလို့လိုက်ပို့ပေးရတာပါ"

အောင်ဇဗ္ဗူထွန်းက ဘာမှပြန်မပြောခဲ့ပဲ လွယ်ဆွတ်ဂျာခန်းဆီသို့သာ အကြည့်တို့ကိုပြန်ပို့လိုက်၏။

"အဲ့ဒီကောင် သရဲလေးက မင်းကို အနိုင်ကျင့်တာတို့၊ နှိပ်စက်တာတို့ လုပ်သေးလား"

လွယ်ဆွတ်ဂျာခန်းက မကျေနပ်ဟန် နှုတ်ခမ်းတို့ ဆူသွားပြီး ခေါင်းကိုငုံ့ချကာ လေးတိလေးတွဲ့ဖြင့် ခေါင်းခါ၏။

"အဲ့ဒီလိုတော့ မလုပ်ပါဘူး"

"ဟ...အကိုဘူကြီးရယ် မေးမှမေးတတ်ပ။ အဲ့ဒီ မေးခွန်းက ကျွန်တော့်ကို မေးရမှာဗျ။ ကျွန်တော့် တစ်ကိုယ်လုံးမှာ သူနှိပ်စက်ထားလို့ဒဏ်ရာတွေ ပွထနေပြီ...ဒီမှာကြည့်"

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now