အပိုင်း-၁၂

14.7K 818 63
                                    

အချစ်ဦးအားအပိုင်ကြံ၍ သိမ်းပိုက်ခြင်း
*

နယ်စပ်မြို့ကလေးတွင် တစ်လနီးပါးလောက်ခိုအောင်းပြီး လက်ထဲတွင် ပိုက်ဆံပြတ်သ​လောက်ဖြစ်နေပြီမို့ နေထိုင်ရာမြို့ဆီသို့ မပြန်မဖြစ် ပြန်လာခဲ့ရတော့သည်။ သို့သော်လဲ ဘုန်းရောင်ခ၏ စိတ်အစဥ်ဟာတော့ နယ်စပ်မြို့ကလေးတွင်သာ တဝဲလည်လည် ကျန်နေရစ်လေသည်။

ထုတ်မကြည့်ဖြစ်တာ ကြာပြီဖြစ်သော ဆုတံဆိပ်တွေထားရာ ဘီဒိုအား သော့ဖွင့်၍ ထိပ်ဆုံးမှ ရွှေတံဆိပ်ဆုလေးအား လှမ်းယူမိသည်။ ရွှေတံဆိပ်လေးကို ခပ်ဖွဖွကိုင်တွယ်ပွတ်သပ်ကာ တစ်ချက်နမ်းရှိုက်လိုက်ရင်း

"ခင်ဗျားကို လိုက်ရှာနေခဲ့ရတာ"

ထို့နောက်တွင်တော့ ကျေနပ်စွာပြုံးရင်း ရွှေတံဆိပ်လေးအား ကတ္ထီပါဘူးထဲသို့ သေချာစွာ ထုတ်ပိုးသိမ်းဆည်းလိုက်သည်။ ပြီးနောက်တွင်တော့ အိမ်တစ်ခုလုံးအား ရှင်းလင်း သိမ်းဆည်းလိုက်သည်။

ကားတိုက်မှုတွင် မိဘနှစ်ပါးစလုံးကိုပါ ဆုံးရှုံးလိုက်ရသော သူ့အတွက်တော့ ဘဝမှာရော ဒီမြို့၊ ဒီအိမ်မှာရော သံယောဇဥ်တွယ်တာစရာမရှိတော့ပါ။ ထိုကြောင့် ရှိသမျှ အရာအားလုံးကို ထုခွဲရောင်းချလိုက်ပြီး သူ့အိမ်မက်ကလေးရှိရာ နယ်စပ်မြို့ကလေးဆီသို့။

ဘုန်းရောင်ခ၏ အနာဂတ်အိမ်မက်ကလေးဟာ သိပ်ကို ရိုးရှင်းပါ၏။ မြို့လေးတစ်မြို့မှာချစ်ရသူနဲ့အတူ နေထိုင်ရင်း ကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ချင်သည့် အိမ်မက်ကလေးတစ်ခုသာ။ ယခုတွင်မူ ထိုအိမ်မက်ကလေးကိုအကောင်အထည် ဖော်ခွင့်ရတော့မည် ဖြစ်သဖြင့် သူ့ခြေလှမ်းများဟာ ရွှင်လန်းတက်ကြွလျှက်။

ကော်ဖီဆိုင်အတွက် ပြင်ဆင်ချိန်ဟာ သုံးလခန့် ကြာမြင့်ခဲ့ပါသည်။ သူစုံစမ်းသိရှိထားသည့်သတင်းများအရတော့ ရောင်နီဦးဂိုဏ်းခေါင်းဆောင်ဟာ တော်ရုံနှင့် လူလုံးထွက်မပြတတ်ပဲ လက်အောက်ငယ်သားများကသာ  ကိစ္စတော်တော်များများကို လုပ်ဆောင်သည်ဟု သိရလေသည်။ လက်ထဲက ရွှေရောင်တံဆိပ်ပြားလေးကို ဖြစ်ညှစ်ဆုပ်ကိုင်လိုက်ရင်း ခပ်ရေးရေးပြုံးလိုက်သည်။

Coffeeshop Owner is Gangsta's Boyfriend [Complete]Where stories live. Discover now