part( 1)

1.8K 33 2
                                    

လောက ကြီးမှာဘယ်အရာကမှ မတည်မြဲဘူးတဲ့ ဟုတ်တယ် အခုနက နားထောင်တဲ့ သီချင်းတစ်ပုဒ်လိုပဲ ကျွန်တော် သီချင်းတစ်ပုဒ် ကို ခံစားချက်အပြည့်နဲ့ နားထောင်နေပြီဆိုရင် အမြဲတမ်းပြောင်စက်စက် လုပ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်
ကျွန်တော့်မှာရှိတယ် အခုလည်းကြည့်
ကျွန်တော့အရှေ့ကနေ မျက်နှာပြောင်တိုက်ပြီး ရယ်ကျဲကျဲလုပ်ပြနေပြန်ပြီ ကျွန်တော်
သူ့ကို မမြင်ချင်ယောင်ဆောင်လိုက်သည် ။

" ဟေး မင်း ငါ့ကိုကြည့်အုံး "

ကျွန်တော်သူ့ကို နည်းနည်းမျက်စောင်းထိုးပြီး စိတ်အလိုမကျသလိုကြည့်လိုက်သည် ။

" ဘာလဲ "

" မင်း မနက်ဖြန်အလုပ်သွားရမှာမလား မင်းမှာ ဒီဟာသွားကြည့်ဖို့အချိန်မရှိဘူးမလား "

Ticket တစ်ခုကို ထောင်ပြ ပြီး ကျွန်တော့်ကိုလာပြနေသည် ။

" မင်း အေး​ဆေး နေလို့မရဘူးလား "

ဒါလည်းမရ ကျွန်တော့်အနားကိုအတင်းကပ်ပြီး လာချွဲနေသေး သည်။
ကျွန်တော် ရီချင်တာ တစ်ခုက သူဗလကြီးနဲ့ လာချွဲနေတာကိုပဲ

" မင်း ဖြေ အုံး မင်းမှာ ဒါသွားကြည့်ဖို့အချိန်
မရှိဘူးမဟုတ်လား "

"ယူသွားလိုက်တော့ မင်းလိုချင်နေတာမလား
မင်းပုံစံကြီးနဲ့ ချွဲမနေပါနဲ့တော့ ဟုတ်ပြီလား"

"မင်းတကယ်ပြောတာနော် "

"အေး "

Ticket ကိုယူပြီး ပျော်ပျော်ကြီး ကြည့်နေသည်။ အဲတာ သူလိုချင်ရင် မရ ရအောင်
ပြောပြီး ယူတတ်တာ သူ့အကျင့်လေ။

သီချင်းနားထောင်နေတာတောင် ခံစားချက်တွေပျောက်သွားသည်။

သူ့အိမ်နဲ့ ကျွန်တော့်အိမ်က လမ်းထိပ်ရဲ့
အစ နဲ့ အဆုံး ရှိသည် ။ ကျွန်တော်တို့ အထက်တန်းတတ်တုန်းကဆို အမြဲတမ်း
ကျောင်းကိုအတူတူ သွားဖြစ်ကြသည် ။
အခုတော့ ကျွန်တော် တို့ တက္ကသိုလ် ရောက်ပြီဆိုတော့ ကျွန်တော်က အဆောင်မှာသွားသွားနေဖြစ်သည် ။
ဒီနေ့က ပိတ်ရက်ဆိုတော့ အိမ်ကိုလာဖြစ်သည်။

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now