part(32)

291 10 61
                                    

ဒီညက အရမ်းအေးတယ် ဒီဇင်ဘာရဲ့ အအေးဖြစ်လို့ထင်တယ် ကျွန်တော့် ဘေးက အိပ်ပျော်နေပြီဖြစ်တဲ့ ကောင်လေးရဲ့ မျက်နှာကိုကြည့်လိုက်သည်။

အခုအခြေနေကိုပျော်လားလို့မေးရင် ကျွန်တော် ပျော်တယ်လို့ဖြေရမလား ဒါမှမဟုတ် မပျော်ဘူးလို့ဖြေရမလား သေချာတာက ကျွန်တော်တို့ရဲ့ အတိတ်မှာ ပျော်စရာတွေရှိခဲ့ကြတယ် ဝမ်းနည်းစရာတွေလည်းရှိခဲ့ကြတယ် အချိန် ၆ နှစ်ဆိုတာက တွေးကြည့်ရင် ခဏလေးပဲ ဒါပေမယ့် အမှတ်တရတွေက တော့အများကြီးပဲ ဆယ်ကျော်သက်အရွယ်တုန်းက နေခင်မင်လာခဲ့ကြတယ် ဒါပြီး တဖြည်းဖြည်း အဆင့်တွေတိုးခဲ့ကြတယ်
ဒါပြီး ရန်တွေဖြစ်ကြတယ်။

အင်း ကျွန်တော်တို့ လမ်းတောင်ခွဲခဲ့ကြသေးတယ်!

ဒါပြီး ပြန်အဆင်ပြေကြတယ် မတူတဲ့ လမ်းတွေကိုလျှောက်ကြတယ် ။
ကိုယ်ပိုင်ရွေးချယ်မူ့တွေ ကိုယ်ပိုင် ဆုံဖြတ်မူ့တွေကိုပြုလုပ်ကြတယ် ၊ တွေးကြည့်ရင်
ဒါဟာ ဘဝ ပဲလေ ။

အသက်၂၀ ကျော်ပြီးနောက်ပိုင်း အရင်ကလို ကလေးဆန်တဲ့အတွေးတွေကိုမတွေးမိတော့ဘူး အရင်ကလို မျိုး စကားမပြောကြရင်တောင် သွားပြီး ရန်မရှာတော့ဘူး ။

သူက ဒီလိုမျိုး ဆုံးဖြတ်ချက် ချထားတာပဲ
ဒါကိုငါ လေးစားရမယ် ဆိုပြီးတွေးလာတယ်
ဒါဟာ ဆယ်ကျော်သက်အရွယ်ထက် ၂၀ ကျော်အရွယ်မှာ ဖြစ်လာတဲ့ခံစားမူ့တစ်ခုပဲ
အရင်ကလို အရာအားလုံးကို လိုက်ပြီး ခံစားမနေတော့ဘူး အဆင်မပြေတော့တဲ့ အကြောင်းတွေ ဖွင့်ဟ မနေတော့ဘူး ဒါဟာ ကျွန်တော့်ရဲ့ စိတ်နေစိတ်ထားလေးတစ်ခုပဲ။

လူတိုင်းက အဆင်ပြေလားမေးရင် ကျွန်တော်အဆင်ပြေတယ်လို့ပဲ ဖြေမယ် ဘာလို့လဲ ဆိုရင် ကျွန်တော့်ရဲ့အဆင်မပြေမူ့တွေကို တစ်ခြားတစ်ယောက်ကို ဖွင့်ဟ ပြီး မပြောချင်တော့ဘူး တစ်ဖက်လူကို ကိုယ့်ကြောင့်
စိတ်ညစ်မူ့တွေမပေးချင်တော့လို့ပဲ !

ကျွန်တော့်ရဲ့ အဆင်မပြေမူ့တွေကို ကျွန်တော် korapat ကိုတစ်ခါမှမပြောခဲ့ဖူးဘူး သူလမ်းခွဲသွားတဲ့အချိန်က စပြီး ကျွန်တော်နေ့တိုင်းတွေမိတယ် ၊ ကျွန်တော် ဘာပဲ ဖြစ်ဖြစ် သူ့ကိုစိတ်ညစ်စရာမပေးဘူးဆိုပြီး ဒါကြောင့်လည်း သူ့သဘောအတိုင်း သူ့ကိုတစ်ယောက်ထဲနေခွင့်ပေးတယ်။

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now