part(5)

299 15 2
                                    

အိပ်ယာက နိုးလာတော့ ခန္ဓာ ကိုယ်က
နည်းနည်းနေလို့ကောင်းသွားတယ် အချိန်ကို ကြည့်လိုက်တော့ ၁၁ နာရီခွဲ အခန်းအပြင်ကိုထွက်လိုက်တော့ pawat က ဆော်ဖာ မှာ ထိုင်ပြီး computer ကိုနှိပ်နေသည် ။
korapat က pawat နားကို သွားပြီးထိုင်လိုက်သည် ။ pawat က korapat ရဲ့ နဖူး ကိုလက်တင်ပြီး စမ်းလိုက်သည် ။

" ကိုယ်မပူတော့ဘူး ဗိုက်ဆာနေလား
ပြန်ရောက်ကတည်းက အိပ်နေတာ "

" အင်း yammy စားချင်တယ် "

"ခဏစောင့်လုပ်လိုက်မယ်"

pawat က ထပြီး မီးဖိုထဲဝင်သွားသည် ။ သူ ကျွန်တော့် စကားကိုနားထောင်ပြီး လုပ်ပေးတာ မြင်ရတော့ နည်းနည်းတော့ သဘောကျမိတယ် ။ ပုံမှန်ဆို သူက စကားပြောရင် သိပ်လက်ခံတာ မဟုတ်ဘူး။
computer ကိုကြည့်လိုက်တော့ assignment လုပ်နေတာ ကိုမြင်လိုက်သည်။

ကျွန်တော် သူ့ကိုအားနာလာသည် ၊ အလုပ်ပြီးရင် ကျောင်းစာ လုပ်ရသေးတာ အခုဆို ကျွန်တော့်ကိုပါ သူ လာပြုစုနေရပြီ။

အငွေ့ဆောင်းဆောင်းထွက်နေတဲ့ ခွပ်ကို
ကျွန်တော့် ရှေ့ကို လာချပေးသည်။

" ပူတယ် "

"မင်း မနက်ဖြန် ငါ့ဆီမလာနဲ့တော့ "

pawat က မျက်လုံးစိမ်းစိမ်းနဲ့ ကျွန​်တော့်ကို လာကြည့်နေသည် ၊ ဘာလို့လဲ ဆိုတဲ့အထာနဲ့

" မင်းအရမ်းပင်ပန်းမှာစိုးလို့ ပြောတာ"

"မင်း နေမကောင်းဖြစ်နေတာ ကို ငါက
ထားသွားရမှာလား မဖြစ်နိုင်တာတွေမပြောနဲ့
မင်းပြောသလိုမလုပ်နိုင်ဘူး "

"ဟေး စိတ်ဆိုးသွားတာလားpawat "

ကျွန်တော့်ကို စိတ်ဆိုးသွားတာ သိတယ်
သူစိတ်ဆိုးရင် ဘာစကားမှမပြောတော့ပါ။

"စိတ်မဆိုးနဲ့လေကွာ ငါက မင်းပင်ပန်းလို့
အခုလည်းမင်းနားရမယ့်ဟာ မှာ ငါ့ကို ဂရုစိုက်ပေးနေရပြီ "

"မင်းဖြစ်နေလို့ ငါဂရုစိုက်ပေးနေတာ မင်းနေရာမှာ တခြားသူဆို ငါဂရုစိုက်နေမှာ မဟုတ်ဘူး အဲကြောင့် ဒီရှားပါးတဲ့ အခွင့်ရေး ကို ကျေကျေနပ်နပ် ယူ babe "

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now