part(19)

222 10 5
                                    

အ​ဆောင်ရောက်တော့ pawat က အခန်းထဲ ဝင်လိုက်ပြီး အိပ်ယာမှာလှဲလိုက်သည်။

"ဟူးးး အခုမှ ကိုယ့်အိမ်ကို ေရာက်သွားသလိုပဲ"

"ရေသွားချိုး ပြီးမှ လာအိပ်"

"မင်းကော မချိုးသေးဘူးလား ရေအတူတူချိုးရအောင် "

မျက်လုံးဝိုင်းဝိုင်းနဲ့ လာပြောတဲ့ pawat ကို စိုက်ကြည့်လိုက်သည်။

" မချိုးဘူး ကိုယ့်ဟာကိုချိုးစမ်းပါ pawat ရာ"

"အတူချိုးတော့အချိန်ကုန် သက်သာတာပေါ့ မဟုတ်ဘူးလား လာစမ်းပါ မင်းကလည်း"

pawat က အဲလိုပဲ သူလုပ်ချင်တာလုပ်တယ်
ဘယ်တော့မှ စကားနားမထောင်ဘူး.......။
ရေချိုးဇလုံမှာ အတူဝင်ထိုင်လိုက်ပြီး pawat က korapat ရဲ့နောက်ကျော်ကို ဖတ်ထားပြီး လည်ပင်းကို အခါခါ ထပ်နမ်းနေတယ် ။

"မင်း ငါမရှိတုန်း လာတွေလုပ်နေလဲ "

"ဟမ်"

pawat က မကြားလိုက်သလိုပင်

""မင်း မကိုက်နဲ့လေ ငါ....."

"ရတယ် မနက်ဖြန် မင်းရှုတင်မရှိဘူး ဆိုတာ ငါသိတယ် ငါတို့အေးဆေးအနားယူလို့ရတယ်"

"ဒါလည်း မကိုက်နဲ့ အရာတွေထင်ကုန်ပြီ"

"မင်းကအရမ်း အသည်းယားစရာကောင်းတော့ စိတ်မထိန်းနိုင်တော့ဘူး"

pawat က ပြောလည်းပြောပြီး ပုခုံးကိုလာနမ်းသည်။ ကျွန်တော် pawat ရဲ့ရင်ဘက်မှာ မှီလိုက်သည် ဒါပြီး pawat ရဲ့လက်ကို ဆုတ်ကိုင်လိုက်ပြီး လက်ချောင်း တွေကို ဆော့ကစားလိုက်သည်။

" pawat ငါ့ကို ထားသွားမှာလား"

"မင်း ဘာတွေတွေးနေတာလဲ ငါ မင်းကို ဘာလို့ထားသွားရမှာလဲ ငါမင်းကို အရမ်းချစ်တာ ငါ့ကိုယုံတယ်မလား"

ကျွန်တော် pawat ကိုကြည့်လိုက်သည်။

ယုံတယ် ငါမင်းကို!  ဒါပေမယ့် ငါတခြားလူတွေကိုကြောက်တယ် ငါ့ဆီကနေ မင်းကိုလုယူသွားမှာကို ၊

ရေချိုးခန်းကနေ korapat ကို ချီလိုက်ပြီး တစ်ဘက် ပတ်ပေးလိုက်သည်။

" ရေစင်အောင်သုတ် မင်းဖျားနေ အုံးမယ်"

"အင်း "

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now