part(20)

231 9 2
                                    

ကျွန်တော် ရဲ့ ချစ်သူလေး က အရမ်းစိတ်များတယ် korapat က မဖြစ်လာသေးတဲ့အရာတွေကိုအရမ်းတွေးတတ်တာ အခုလည်းကြည့် လက်စွပ်ကို ကြည့်ပြီး ဘာတွေတွေးနေလဲ မသိပြန်ဘူး....

" တကယ်လို့ မင်း လူတွေမြင်မှာကြောက်ရင် ဆဲွဲကြိုးထဲ ထည့်ဝတ်ထားလေ "

pawat က korapat ရဲ့ လက်ကို ကိုင်ပြီး ပြောလိုက်ခြင်းပင် ၊
ကျွန်တော် သူ့ကိုဖိအားမပေးဘူး ဒါပြီး ဒါက သူ့ရဲ့ ပထမဆုံးရည်းစားထားဖူးခြင်းပင် ကျွန်တော်တို့ ဖြေးဖြေးချင်းဆီသွားလို့ရတယ်
အချိန်တစ်ခုထိ အတိုင်းတာတစ်ခုထိ

" အင်း "

သူ့ရဲ့ အင်း ဆိုတဲ့စကားလုံးတစ်လုံး ကအဓိပ္ပါယ်အများကြီးပါတယ် သေချာတာက သူကျွန်တော့်ကို လက်ခံတယ်ဆိုတာလည်း ပါတယ်။

" ငါ မင်းစားဖို့လုပ်ထားလိုက်မယ်"

"အင်း"

pawat ထ သွားတော့ pawat ရဲ့ ဖုန်းထဲကို ဝင်လာတဲ့ sms ကိုကြည့်လိုက်သည်။

'အတူတူသွားကြမယ်' ဆိုတဲ့စာကြောင်းတစ်ခုပင် ထိုစာကြောင်းက ကျွန်တော့်ကို ဘာမှမဖြစ်ပါ ဒါပေမယ့် သူက ဘာလို့ ကိုယ့် manager နဲ့ကိုယ်မသွားတာလဲ pawat က ကျွန်တော့်ကိုလှမ်းခေါ်မှ ဖုန်းကိုပိတ်ပြီး ထမင်းစားခန်းသွားလိုက်သည်
ကျွန်တော်တို့ ထမင်းစားနေရင်း ဘာစကားမှမပြောဖြစ်ပါ

" စားမကောင်းဘူးလား "

"မဟုတ်ဘူး စားကောင်းတယ် ငါဗိုက်သိပ်မဆာလို့ "

"နေမကောင်းဖြစ်နေတာတော့ မဟုတ်ဘူးမလား"

"မဟုတ်ပါဘူး "

ကျွန်တော် pawat ကိုကြည့်လိုက်သည် သူကတော့ ထမင်းကိုသာစားနေသည်။
တစ်စုံတစ်ခုဖြစ်သွားမှာကို စိုးရိမ်တယ် pawat က လူတိုင်းကိုဂရုစိုက်ပေးတယ် အဲတာက တစ်ခါတလေ ကျွန်တော့်ကို စိတ်အနှောက်ယှက်ဖြစ်စေတယ် လူတိုင်းအပေါ် သူကောင်းတာမျိုးထက် pawat က တစ်ဖက်လူကိုအရမ်းအားနာတတ်တာ.....၊

" ညနေ မင်းအိမ်ကိုလာခဲ့မယ်"

"ရတယ် မလာနဲ့ "

pawat က ဘာလို့လဲဆိုတဲ့ အထာနဲ့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့လာကြည့်နေတယ် ကျွန်တော်အမြန်ပဲစကားလမ်းကြောင်းလွှဲလိုက်သည်

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now