part(16)

287 11 0
                                    

လူတိုင်း မှာ ချစ်သူတွေရှိလာရင် အိမ်မက်တွေကိုယ်စီလည်း ရှိကြတယ်မလား ၊ အခုလည်း အဲလိုပဲ ကျွန်တော် korapat နဲ့အတူ တစ်ဘဝလုံးနေချင်တာ ဒါပေမယ့် ဒီနိုင်ငံမှာ လက်ထပ်တာကို တရားဝင်ခွင့်ပြုထားတာမျိုးတော့မရှိဘူးလေ.... ၊

သူ အိပ်နေတဲ့ ပုံစံလေးကို တကယ်သဘောကျတယ် ငါမင်းနဲ့ ဒီလိုမျိုး နောက် နှစ်တွေထိ အတူနေချင်တယ် သူ့ရဲ့ လက်ချောင်းလေးတွေကို ကိုင်လိုက်ပြီး နမ်းလိုက်သည်၊ ဒီအခိုက်အတန့်ကို ရပ်တန့်ထားလို့ရမလား.....။

" မင်း အိပ်နေရင် အရမ်းချစ်စရာကောင်းတာ"

အသံတိုးတိုးလေးနဲ့ပြောလိုက်သည်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အစာအိမ်က အသံတစ်ချက်မည်လာတော့ အိပ်ယာက ထ လိုက်ပြီး korapat ကို စောင်ခြုံပေးလိုက်သည်။

အိမ်အောက်ထက်ကိုဆင်းလာတော့ အန်တီနဲ့ အဖွားကို နုတ်ဆက်လိုက်သည်။

" goodmorning အန်တီ နဲ့ ဖွားဖွား "

"morning သား နိုးလာပြီလား "

"ဟုတ်ကဲ့ "

"အန်တီ မနက်စာလုပ်ပေးထားတယ်
ခဏနေကြရင် အန်တီ နဲ့ အဖွား နယ်ဘက် ကိုခဏ သွားရမလို့ သားသူငယ်ချင်း နိုးလာရင် ပြောလိုက်အုံးနော် "

"ဟုတ်ကဲ့ အန်တီ "

"ဒါပြီး နေ့လည်စာ စားပြီးမှ သွားနော် အန်တီ အားလုံးချက်ထားခဲ့ပြီးပြီ "

pawat က စားပွဲမှာထိုင်ပြီး ဟင်းခွပ်တွေကို ကြည့်လိုက်ပြီး

" ဟင်းတွေက စားချင်စရာလေး "

"သား အကြိုက်တွေ ပါတယ် "

"ကျေးဇူးပါဗျ "

"အဲဆို အန်တီ တို့ သွားတော့မယ်"

"ဟုတ်ကဲ့ ခင်ဗျ ဖွား ဂရုစိုက်သွားပါနော်"

"အေးအေး မြေးလေးကိုလည်း ဂရုစိုက်လိုက်အုံး"

"စိတ်ချပါ ဖွား "

အန်တီ နဲ့ ဖွားက ခြံထဲက သွားတဲ့အထိ အပြင်မှာ နေလိုက်သည်။ ထွက်သွားပြီးတော့မှ
puppy ကိုကြည့်လိုက်သည် ။ သူ ကတော့ သူ့အစားကိုသာ ခေါင်းငုံ့လို့ စားနေသည်။
korapat ရဲ့ အမေ က မြို့ပေါ်မှာထက် နယ်ဘက်မှာ သွားနေတာ များတယ် အဓိက ကတော့ သူတို့ရဲ့ ခြံလုပ်ငန်းအတွက်ပင်။

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now