part(18)

268 8 2
                                    

မနက်နိုးလာတော့ korapat က ဘေးနားမှာ မရှိတော့ဘူး pawat က အိပ်ယာက ထလိုက်ပြီး အပြင်ခန်း ကိုထွက်ကြည့်တော့ မနက်စာ ပြင်နေပြီ

" မင်း မျက်နှာသစ်ပြီးလာခဲ့ "

"အင်း ခဏ စောင့်နေ "

pawat က ရေချိုးခန်းထဲ ဝင်သွားသည်။

မနက်စာစားနေရင်း pawat က korapat ကိုကြည့်လိုက်ပြီး

" ငါ မနေ့ညက ဘေးခန်းက အသံကြားတယ် ၁၂ ခွဲလောက်မှာ ဘာဖြစ်ကြလဲ မသိဘူး "

"ဘေးခန်းမှာ လူမှ မရှိတာ ကို ဘာတွေပြောနေတာလဲ လေ တိုက်တာနေမှာ"

"ဟေး ငါတကယ်ပြောတာ နံရံ ခြစ်သံတွေယော အပေါ်က ပြုတ်ကြတဲ့အသံတွေယော"

"အပိုတွေ လုပ်မနေ နဲ့ ငါ ဒီမှာနေတာ သုံးနှစ်တောင်ရှိပြီ တစ်ခါမှ မကြားပါဘူး မင်း အမှတ်မှားတာ နေမှာ "

"ငါ့ကိုမယုံဘူးလား "

pawat က ရုပ်တည်ကြီးနဲ့ စကားပြောလာတော့ ကျွန်တော် နည်းနည်းတော့ ယုံမိသွားတယ် ဒါပေမယ့် ဘေးခန်းမှာ လူမှမရှိတာ။

" မယုံတာ မဟုတ်ဘူး မင်းဟာက.. "

"တကယ်ပြောတာ မယုံရင် ဒီည မအိပ်ပဲ
စောင့်ကြည့်မယ် ဘယ်လိုလဲ "

"မဟုတ်ဘူး ငါအရင်ကလည်း ည နက်အောင် နေပါတယ် ဘာသံမှ မကြားတာ "

"ဒါဆို အဲအခန်းမှာ ဘာလို့လူမနေတာလဲ "

"ငါဘယ်သိမလဲ တစ်ခါကြားဖူးတာက ငါမပြောင်းလာခင် တစ်နှစ်က အဲအခန်းမှာနေတဲ့ အဖွားက ေသ သွားတယ်လို့ပြောဖူးတယ် ကြာပါပြီ ဒါက "

korapat က ပြောပြီး ပန်းကန်တွေကို ဘေစဥ်မှာ ဆေးလိုက်သည်။
ကျွန်တော် pawat ကိုမသိမသာကြည့်ပြီး ပြုံးလိုက်သည်၊ ခြောက်တိုင်းကြောက်တာပဲလား
Pawat က အခုထိ ထိုင်နေရာက မထ သေးဘူး... ၊
korapat က အကျီလှဲလိုက်ပြီးတော့

" ငါ သွားတော့မယ် မင်း တစ်ယောက်ထဲ နေလို့ရတယ်မလား"

"ရတယ် ငါလည်းခဏ နေရင် သွားမလို့ ညနေ ပြန်လာမယ်ဆို ဖုန်းဆက်အုံး"

"အင်း "

korapat က ထွက်သွား တော့ ဝရံတာ ကနေ ဟိုဘက်ခန်းကို အသာကြည့်လိုက်သည်။
ဘာမှမရှိနေဘူး.... ။

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now