part(24)

227 13 0
                                    

pawat ရဲ့မျက်လုံးတွေက အရောင်တောက်နေတယ် ညမီးအရောင်ကြောင့်ပိုပြီး ကြည်လဲ့နေတယ်ဆို ပိုမှန်လိမ့်မယ် ၊

" ငါမေးတာ ဖြေအုံးလေ "

"ဘာကိုလွှင့်ပစ်ရမှာလဲ ငါအဲလောက် ကလေးမဆန်ဘူး အဲကြောင့် မင်း မောင်းစရာရှိတာ မောင်းစမ်းပါ ငါအရမ်းပင်ပန်းနေပြီ အခုချိန်မှာ ငါအနားယူချင်နေတာပဲ သိတယ်"

pawat ကိုပြောပြီး ကားမှာ မှီအိပ်လိုက်သည်
သူဘာကြောင့် အဲလိုထင်လဲ ကျွန်တော်နားမလည်ဘူး လက်စွပ်ကို ဆွဲ ကြိုးထဲ ထည့်ထားတယ်ဆိုတာကလည်း လူအများရဲ့ အာရုံစူးစိုက်မူ့တွေကိုမလိုချင်လို့ တကယ်လို့ အဲတာသာ socialmedia ပေါ်ရောက်သွားရင် အနည်းနဲ့အများတော့ လူတွေက ပြောလာကြမှာပဲ နောက်ဆုံး company ကပါ သိလာရင် ဖြေရှင်းရမယ့်အကြောင်းရာတွေက ပိုများလာမှာ ဒါတွေကို ကျွန်တော် မလိုချင်ဘူး ကျွန်တော် pawat နဲ့အတူ အေးဆေးနေချင်တယ် ဒီတိုင်းလေး သာမန်ဘဝ လိုမျိုးနေချင်တာ ...၊

ကားရပ်လိုက်ပြီးတော့ အခန်း ကို ဝင်လာခဲ့လိုက်သည် အကျီကို ချွတ်လိုက်ပြီး တန်းမှာ တင်ကာ အိပ်ယာပေါ် လှဲအိပ်လိုက်သည်။

" ဘာစားချင်လဲ "

"ဘာမှမစားချင်ဘူး "

"တစ်ခုခု စားလိုက် ပြီးမှ အိပ်လေ ငါ ဆန်ပြုတ်လုပ်လိုက်မယ် ခဏလေးပဲ စောင့်"

"အင်း"

pawat က အကျီလက်ကို တံတောင်ဆစ်လောက်ခေါက်တင်ပြီး ဆန်ပြုအသင့်ထုတ်ကိုယူလိုက်ပြီး ရေနွေးအိုး ကိုအရင်ဆုံး မီးဖိုမှာ တင်လိုက်သည် ..ရေနွေးဆူလာတော့ ဆန်ပြုတ်အသင့်ထုတ် ကိုဖောက်ထည့်လိုက်ပြီး မွှေလိုက်သည် ဒါပြီး ကြက်ဥ ကိုဖောက်ထည့်လိုက်သည် ။

korapat က အိပ်ယာက ထလာလိုက်ပြီး pawat ကိုအတော်ကြာ ကြည့်လိုက်သည် သူအရမ်းကြည့်ကောင်းနေတယ် pawat က သူ့ဘေးနားက လူတွေအကုန်လုံးကို ဂရုစိုက်တယ် ဒါပေမယ့် အခုသူ့ကိုနည်းနည်းတောင် စိတ်တိုလာသလိုပဲ ။

" ခုံမှာ လာထိုင်လေ "

ဆန်ပြုတ်ခွပ်ကို စားပွဲမှာ တင်လိုက်တော့ korapat က ခုံမှာ ဝင်ထိုင်လိုက်ပြီး သူ့ရဲ့ အရာသာကိုမြည်းကြည့်လိုက်သည်၊
pawat က အရှေ့က ခုံမှာ ထိုင်ပြီး korapat ကိုကြည့်လိုက်ပြီး

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now