part(4)

309 18 0
                                    

စင်ပေါ်မှာ သီချင်းဆိုရမယ့်အချိန် ရောက်ဖို့ အချိန်နည်းနည်းပဲလိုတော့သည် ။
စိတ်ကိုအေးအေးထားလိုက်သည် ဒီသီချင်းအတွက်အများကြီး အားစိုက်ထားလို့ တစ်ခုခုလွဲလျော်သွားမှာကို ကျွန်တော်စိုးရိမ်တယ် ။

မန်နေဂျာက လာပြီးတော့

" ရေသောက်မလား "

"မသောက်တော့ဘူး "

မီးပိတ်ထားတဲ့ စင်ပေါ်ကို ရောက်သွားတော့ သံစဥ်သံ အေးအေးလေးက စတင်ပေါ်ထွက်လာ သည်နှင့် အတူ မီးအလင်းရောင်က ကျွန​တော့်ကိုယ်ကို လာထွန်းနေသည် ။

သီချင်းကို စတင် ဆိုလိုက်သည် ၊ ထိုအချိန် ကို ကျွန်တော်သဘောကျသည် လူအများကြီး အလည်မှာ သီချင်းဆိုနေရတာ ကို သဘောကျတယ် စင်အောက်က လူတစ်ချို့က ကျွန်တော့် သီချင်းကို လိုက်ဆိုနေတာ ကိုလည်း သဘောကျတယ် ။

ဖြစ်နိုင်ရင် ဒီအချိန်တွေကိုရပ်တန့်ထားချင်တယ် ။

စင်ပေါ်မှာဆိုနေတဲ့ korapat ကို pawat တစ်ယောက် video ရိုက်လိုက်သည် ။
ရိုက်ထားတဲ့ video ကို ကြည့်ပြီး ပြုံးလိုက်သည်။ အနောက်က မန်နေဂျာ ကို လှည့်ပြောလိုက်သည် ။

" ကျွန်တော်ကို ပုံရိုက်ပေးပါလား korapat ပါ ပါအောင် "

"ok "

ရိုက်ထားတဲ့ပုံကို ကြည့်လိုက်သည် ။
ကျွန်တော့် သူငယ်ချင်း ကို ကျွန​်တော် အမြဲအားပေးနေမှာ သူ့အကြောင်းကို ကျွန်တော် သိတယ် သူ့ရဲ့အိမ်မက်က စင်ပေါ်မှာ သူကြိုက်တဲ့သီချင်းတွေကို ဆိုနေရတာပဲ ။

ကျွန​်တော် korapat ကို လက်ပြလိုက်သည် ။
သူကတော့မြင်မှာ မဟုတ်ပေမယ့် ကျွန်တော် သူ့ကိုအားပေးနေတယ်ဆိုတာ ကို သိစေချင်လို့ ။

ပွဲ ပြီးသွားတော့ state တွေနေတဲ့ နေရာကို ကျွန​်တော် သွားလိုက်သည်။
Agency က သူဌေးက pawat ဆီကိုလာပြီးတော့

" ကားရိုက်ရတာဘယ်လိုလဲ အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ အဆင်ပြေပါတယ် သူဌေး "

" ဒီကားရိုက်ပြီးသွားရင် နောက်ထပ် show လုပ်မှာရှိတယ် အဲအထဲ ကိုကော ဝင်ချင်လား"

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now