အရင်နေ့တွေကထက် pawat က ပိုပြီးတတ်ကြွနေတယ် ၊ ကျွန်တော် pawat ကိုကြည့်လိုက်ပြီး ကားအသေးလေး ကို ယူပြပြီး
" မင်း ဒါလေးကြိုက်လား "
"ဟေး မင်းကြည့်မယ် အခုပေါ်တဲ့ နောက်ဆုံး လား ဒါက စျေးနူန်းကတော့အရမ်းကြီးတယ်"
"ဟုတ်တယ် စျေးအရမ်းကြီးတယ် မင်းမွေးနေ့တုန်းက ရထားတဲ့ ကားထက် နည်းနည်းပဲ လျော့တာ "
"အမှန်ပဲ ငါ အနာဂတ်မှာ အနုပညာအလုပ်မလုပ်ပဲ ကားပြိုင်ရမလား "
"အရမ်း အန္တာရယ် များတယ် "
"တကယ်သဘောကျတာ "
သူ ကားပြိုင်မယ်ပြောတော့ ကျွန်တော် နည်းနည်းတော့ သဘောမကျဘူး ဘာလို့ဆို ကျွန်တော်က ကိုယ်ချစ်တဲ့ သူတွေကို အရမ်းစိုးရိမ်းတတ်တာ ဒါပေမယ့် ဘာပြောနိုင်မှာလဲ
လူတိုင်းမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်လေ။internet က ကားdesign ပုံတွေကို သေချာကြည့်နေတဲ့ pawat ကို
" မင်း ငါ မနက်ဖြန် ဘောလုံးပြိုင်ပွဲရှိတယ် Ic နဲ့ "
"ငါလာခဲ့မယ် ဘယ်အချိန်လဲ "
"၃ နာရီ မင်းရူတင်ရှိလား "
"မရှိဘူး ရတယ် လာခဲ့မယ် နည်းနည်းတော့နောက်ကျမယ် "
"အင်း ရတယ် "
korapat ရဲ့အနားကို သွားလိုက်ပြီး ခုံကို
ယူပြီး ထိုင်လိုက်သည် ၊ သူအခုတလော ကျွန်တော် မလာ ဖြစ်တဲ့နေ့တွေမှာ ဘာလုပ်နေလဲ သိချင်တယ် ။" မင်း အရင်နေ့တွေက ဘာလုပ်နေလဲ "
"စာလုပ်နေတယ် "
"ဒါပဲလား "
"ဘာရှိအုံးမှာလဲ "
ပြောပြီး pawat ကို ကြည့်လိုက်သည်၊ မျက်လုံးဝိုင်းဝိုင်းနဲ့ ပြုံးပြုံးကြီးကြည့်နေတယ် ကျွန်တော် ရှက်လာတော့ သူ့ ခေါင်းကို ပေတံ နဲ့ တစ်ချက်ရိုက်လိုက်ပြီး
" ဘာကြည့်နေကြတာလဲ "
"မင်းဆီက အနမ်းလေး ရမလားလို့လေ "
"စိတ်ကူးယဥ်နေလိုက် ... တစ်ခုခုသွားစားကြမယ်"
"အပြင်ထွက်ကြမယ် "
YOU ARE READING
I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)
Romanceလောက ကြီးက အရာအားလုံးကို ငါမပိုင်ဆိုင်နိုင်ဘူး ဆိုရင်တောင် မင်းကိုတော့ ငါပိုင်ဆိုင်ချင်မိတယ် ။