special episode (3)💚❤

192 15 15
                                    

special episode (3)
ပုံမှန်မဟုတ်တဲ့အခြေနေတစ်ခုလား ကျွန်တော်တို့ အချိန်တစ်ခု၊ ရေစက်တစ်ခုထိ တွေ့ဆုံကြတယ်။
သူကျွန်တော့်အနားရှိတဲ့အခါ ကျွန်တော် သူ့တစ်ယောက်ထဲကိုပဲ အားကိုးချင်တယ်၊ ကျွန်တော် ယောကျာ်းတစ်ယောက်ကို အားကိုးမှာ မဟုတ်ပဲ ချစ်သူတစ်ယောက်အနေနဲ့ပဲ၊ pawat က အခြေနေတစ်ခုထိ ထိန်းထားနိုင်တယ်၊ ကျွန်တော် အဆင်မပြေခဲ့တဲ့အချိန်တွေမှာ အများကြီးနားလည်ပေးတယ် ။
ဝမ်းနည်းမူ့တွေကို မျှဝယ်ပေးတယ်၊ ပျော်စရာတွေကိုယောပဲ ။
ကျွန်တော့်လိုလူက pawat ကိုဘယ်လောက်ပဲဆူပါစေ သူတစ်ခုခုဖြစ်သွားမှာကိုတော့ ကျွန်တော်အရမ်းကြောက်တဲ့လူစားမျိုး။ သူမျက်နှာတစ်ချက်ပျက်မှာကို ကျွန်တော် အရမ်းကြောက်ခဲ့တယ် ။
ကျွန်တော် ဘယ်အရာကို မဆို သူ့အတွက်အများတွေးခဲ့တယ်။ ဒါက သူက ကျွန်တော့်အတွက်အရမ်း အရေးကြီးတဲ့လူတစ်ယောက်မို့ပါ။

သူ့ရဲ့ မျက်နှာမှာ အပြုံးတွေမြင်ရဖို့ ကျွန်တော် ဘယ်လိုလုပ်ပေးရမလဲဆိုတာ ပဲတွေးနေမိတဲ့သူပါ။
ဒါပေမယ့် ကျွန်တော်တို့ အရင်ကပြသနာတစ်ခါဖြစ်ပြီးနောက်ပိုင်း ကျွန်တော် လူတွေကြားထဲမှာ အသွားအလာဆင်ခြင်ခဲ့မိတယ်။
Pawat ရဲ့ ပါးပါး ကခွင့်ပြုခဲ့ပေမယ့် pawat ရဲ့ အလုပ်တွေကရှိသေးတယ် ဒါပြီး ပတ်ဝန်းကျင်။
ဒါတွေကို ကျွန်တော် ရင်ဆိုင်နိုင်ပေမယ့် pawat က စိတ်ထင်တိုင်း လုပ်တတ်တဲ့သူပါ။ သူက ကျွန်တော့်အတွက်အရာအားလုံး ဘာမဆိုလုပ်ပေးမယ့်သူပဲ
ကျွန်တော်ဒါတွေကြောင့်ပဲ သူ့ကိုပိုပြီး စိတ်မချတာပါ၊

အိပ်နေတဲ့ pawat ရဲ့ မျက်နှာကိုလက်နဲ့အသာ ပွတ်လိုက်သည်။ သူအရင်ကထက်ပိန်သွားတယ်။
ကျွန်တော် နေမကောင်းတာကြောင့်လည်းပါသည်။

" မင်း အိပ်အုံး အဖျားကျသွားပြီလား "

pawat က korapat ရဲ့ လည်ပင်းကို စမ်းလိုက်သည်။ ဒါပြီး korapat ရဲ့ကိုယ်ကိုဆွဲဖတ်ထားလိုက်သည်။

"အင်း ၊ မင်း လည်းအရမ်းပင်ပန်းနေပြီ "

" ငါ မပင်ပန်းဘူး ဖြစ်နိုင်ရင် မင်းရဲ့အဖျားတွေကိုငါပဲ ယူထားလိုက်ချင်တယ်..... မင်းကို နမ်းခွင့်ပေး"

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now