"Hello ပါး"📞
"......."📞
"သား လာမှာ အခုတလော သိပ်မအားလို့ပါး "📞
"......."📞
"ဟုတ်ကဲ့ ပါး "
ဖုန်းချလိုက်ပြီး မနက်စာပြင်လိုက်သည်။
ကျွန်တော်မနက်အစောကြီးနိုးလာတော့ pawat ဖုန်းပြောနေတာကိုတွေ့လိုက်သည်။
အိမ်ကိုမလာလို့ ခေါ်နေတာမှန်း သိလိုက်သည်။
မျက်နှာသစ်ပြီး ထွက်လာခဲ့ပြီး စားပွဲမှာ ထိုင်လိုက်သည် ။ နွားနို့နဲ့ ပေါင်မုန့်ကြော်ကိုတွေ့လိုက်သည်။" မင်း အိမ်မပြန်ဘူးလား"
"ပြန်မှာ အခုမဟုတ်သေးဘူး"
"မင်း ပါးပါး က ခေါ်နေပြီမဟုတ်လား"
"ရတယ် အဆင်ပြေတယ် ငါ မင်းနဲ့အတူရှိနေချင်သေးတာ ဒါကြောင့်ဒီမှာနေအုံးမှာ"
"အပိုတွေနော် "
"ဟေး တကယ်ပြောတာ ဒါမှမဟုတ် အိမ်ကိုပြန်ရင်မင်းပါလိုက်ခဲ့ပါလား"
"မလိုက်ဘူး ငါလုပ်စရာတွေရှိသေးတယ် "
"ရက်စက်တယ်နော်မင်း"
"ဘာမှမရက်စက်ဘူး ဒါနဲ့ ညနေ ဘောလုံးသွားကန်မှာ မင်းအားရင် လာခေါ်ပါလား"
"အင်း ငါရှုတင်ပြီးရင် တော့လာခေါ်မယ်
မလာဖြစ်ရင် ငါဖုန်းပြန်ဆက်မယ်""Ok "
မနက်စာ စားပြီး ကျောင်းဝတ်စုံဝတ်ပြီး ကျောင်းကိုလာခဲ့ကြသည်။
အတန်းထဲကိုရောက်တော့ ဆရာက ဝင်နေပြီ
ခေါင်းငုံ့ လိုက်တော့ ဆရာက ဝင်ခွင့်ပြုလိုက်သည်။
ဖေဖေပြောသလို ကျွန်တော် ရလဒ်တွေကောင်းနေဖို့လိုတယ်။" မနက်ဖြန် ဆရာ့ ဘာသာရဲ့ assignment ကိုလုပ်ပြီးတဲ့သူ ဌာနမှာ လာပို့ထားလိုက်နော်"
"ဟုတ်ကဲ့ပါ "
ဆရာက ပြောပြီး ထွက်သွားသည်။
နောက်တစ်ချိန်က အဂ်လိပ်စာအတန်းပင်
korapat ဘေးက သူငယ်ချင်းနှစ်ယောက်က" korapat မင်းစာအုပ်ကော ကြည့်လိုက်အားလုံးသူမှာ စာအုပ်ပါတယ် မင်း
တစ်ယောက်ပဲ စာအုပ်မပါတာ ""ဉာဏ်ကောင်းတဲ့သူတွေက စာအုပ်မလိုဘူးလေ ဦးနှောက်ကိုပဲ အသုံးချတာ "
YOU ARE READING
I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)
Romanceလောက ကြီးက အရာအားလုံးကို ငါမပိုင်ဆိုင်နိုင်ဘူး ဆိုရင်တောင် မင်းကိုတော့ ငါပိုင်ဆိုင်ချင်မိတယ် ။