part(27)

208 9 2
                                    

ကိတ်မုန့်ကို စိတ်မပါသလို တစ်ဇွန်းပြီး တစ်ဇွန်းယူစားနေတဲ့ ကျွန်တော့် ကောင်လေးကို တစ်ချက်ကြည့်လိုက်သည် 

" ငါတို့ ရုပ်ရှင်အတူကြည့်ကြမလား အတူမကြည့်ရတာ ကြာပြီလေ "

ကျွန်တော် korapat ကို ကြည့်လိုက်ပြီး ပြောလိုက်ပေမယ့် korapat က ခေါင်းခါပြသည်

" ဒါမှ မဟုတ် ငါ တို့မကြည့်ပဲ ငါကြည့်ပြီးသား ကားကို ပြောပြမယ်လေ ဘယ်လိုလဲ "

"ဟမ်းး!"

ကျွန်တော့် နားကိုအတင်းကပ်ပြီး ပြောနေတဲ့ pawat ကိုကြည့်လိုက်သည် အမှန်တိုင်းပြောရ ရင် ကျွန်တော်ကြည့်ချင်စိတ်မရှိဘူး
ဒါပေမယ့် pawat က ကျွန်တော် ဘယ်လိုပြောပြော နားထောင်မယ့်ပုံမပေါ်ဘူး၊

"မကြည့်သရွေ့ပြောနေမှာ မဟုတ်ဘူးလား မင်းက "

"ငါ့ချစ်သူက အတွေးများတတ်လို့လေ"

ကျွန်တော် pawat ကိုကြည့်ပြီး ကိတ်မုန့် တစ်ဇွန်း ကျွေးလိုက်သည်။

" ဘာကားကြည့်မှာလဲ သရဲကားလား"

"မင်းကလည်း အချစ်ကားကြည့်ရအောင်လေ ရည်းစားတွေ သရဲကားကြည့်တာ ထူးဆန်းတယ်မထင်ဘူးလား"

"မထင်ပါဘူး  သရဲကားပဲ ကြည့်မယ်
မဟုတ်ရင် ငါအိပ်တော့မှာ ကြည့်မှာလား
မကြည့်ဘူးလားပြော"

"ကြည့်မယ်ကြည့်မယ် "

တကယ်အဆိုးလေးပဲ အချစ်ကားလေးကြည့်ရမလားလို့ ပြောလိုက်ရတာ နောက်ဆုံးတော့လည်း သရဲကားတဲ့!

Pawat က ကိုလာ ကို ဖန်ခွပ်မှာ ထည့်လိုက်ပြီး အရှေ့ကခုံမှာ တင်လိုက်ထားလိုက်ပြီး အခန်းမီးကို ပိတ်လိုက်သည်။
TV က အလင်းက နည်းနည်း ရောင်ပြန်ဟပ်နေသည်။

" ရွေးပြီးပြီလား "

"အင်း ပြီးပြီ the medium မင်းကြည့်ပြီးပြီလား"

"မကြည့်ရသေးဘူး"

သရဲကားကြည့်နေရင်း korapat က pawat ပုခုံးမှာ မှီလိုက်သည် ဒါပြီး pawat ရဲ့ လက်ကိုကိုင်လိုက်သည် ။

"မင်းလက်တွေအေးနေတယ် pawat aircorn နိမ့်လိုက်ရမလား"

"ရတယ် ငါ နည်းနည်း ကြောက်နေလို့"

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now