part(23)

190 10 2
                                    

မနက်နိုးလာတော့ အိပ်ယာဘေးကို စမ်း
ကြည့်ပေမယ့် ဘာမှရှိမနေပါ အခန်းက မှောင်နေပြီး လေပန်ကာ က အခုထိ လည်နေဆဲ လေပန်ကာ ရှေ့မှာ ထားထားတဲ့ အမွှေးနံ့ဘူး က အနံ့က အခန်းတစ်ခုလုံးကိုလွှမ်းခြုံထားတယ် မျက်လုံးကိုဖွင့်ကြည့်လိုက်ပြီးတော့မှ အခု ကျွန်တော့်ရဲ့ အိမ်ကိုရောက်နေတာပင်
မနေ့ညက အိမ်မှာပဲ လာအိပ်တာ ကို မေ့သွားတယ်
ဖုန်းကို ယူပြီးကြည့်လိုက်တော့ ဘာmessage မှ မဝင်ထားသလို ဘာ ဖုန်းမှ မခေါ်ထားပါ korapat က အရမ်းနေ နိုင်တာပဲ ......၊

အိပ်ယာက ထ လိုက်ပြီး မျက်နှာသစ်ကာ အောက်ထက်ကိုဆင်းလာတော့ ပါးပါး က သတင်းစာကိုကြည့်နေပြီးတော့ pawat ကို ကြည့်လိုက်သည် ။

" ပါး morning "

"morning သား "

မားမား က coffee ဖျော်လာပေးပြီး စားပွဲမှာ ဝင်ထိုင်လိုက်သည်။

" ဘာဖြစ်လို့လဲ သား မနေ့ညက အိပ်မပျော်ဘူးလား "

"မဟုတ်ပါဘူး သားအခုတလော ပင်ပန်းနေလို့ပါ မား လည်း အလုပ်တွေပဲ ဖိမလုပ်နဲ့နော်"

"မား အတွက်စိတ်မပူနဲ့ မားတို့ နောက်နေ့ အပန်းဖြေ ခရီးထွက်မလို့လေ သားရဲ့ပါးနဲ့"

pawat က မားမား နဲ့ပါးပါး ကိုကြည့်လိုက်ပြီးတော့ အခု သူက တတိယ လူဖြစ်နေသလိုခံစားတယ် ၊

" သား ကော မား တို့နဲ့ မလိုက်ရဘူးလား
ဒါပြီး ပါးတို့သွားရင် company ကိုဘယ်သူ
ကြည့်မှာလဲ "

" သား ရှုတင် တွေနား ရင် သွားကြည့်ပေးလေ ပါး N'htun ကို ပြောထားလိုက်မယ် အဆင်ပြေတယ်မလား "

ကျွန်တော် ပါး ကိုကြည့်လိုက်ပြီး ခေါင်း ငြိမ့်ပြလိုက်သည် ၊ နောက်ဆုံးတော့လည်း
တစ်ယောက်ထဲ ကျန်ခဲ့ရတာပဲ ဒါပေမယ့် မားမား တို့ကို ဒီလိုမျိုး ခရီးထွက်စေချင်နေတာ ကြာပါပြီ

"သား အိမ်မှာပဲ လာနေမှာလား တစ်ယောက်ထဲ စားရတာ အဆင်မပြေရင် မား
အန်တီNan ကို ခေါ်ထားပေးမယ်လေ "

"အဆင်ပြေပါတယ် မခေါ်ပါနဲ့ သားက အမြဲ အိမ်မှာ ရှိမှာလည်း မဟုတ်ပါဘူး အန်တီNan ပဲ ပင်ပန်းလိမ့်မယ် "

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now