special episode (2)💚❤

213 11 2
                                    

special episode (2)

လောကကြီးမှာ ဘယ်အရာကမှ ကိုယ်လိုချင်သလိုမျိုးမဖြစ်နိုင်ဘူး ၊ ကျွန်တော်ပြောတာယုံလိုက် ။
သရုပ်ဆောင်တယ်ဆိုတာကလည်း သရုပ်ဆောင်တာပါပဲ ။
သတင်းသမားတွေရဲ့ အင်တာဗျူး ကိုဒီနေ့ ကျွန်တော် ဖြေဖို့ စီစဥ်ခဲ့တယ်။ ကျွန်တော် အင်တာဗျူး တော်တော်များများကိုလက်မခံခဲ့ပါ ။ ဒါပေမယ့် ဒီနေ့တော့ လက်ခံရမည်။ အရင်ကဆို ပွဲတတ်တဲ့အချိန်တွေမှ အင်တာဗျူး ဖြေကြားပေမယ့် အခုတော့ pawat က ကျွန်တော်ရဲ့ Socialmedia ပေါ်က dating new ​ထွက်တဲ့အတွက် စိတ်အလိုမကျဖြစ်နေတာပင်။
ဒါကြောင့် အင်တာဗျူး ကိုလက်ခံဖြေကြားမယ်လို့တွေးခဲ့မိတာပါ။ media ဌာန က စုစည်းထားတဲ့ နေရာမှာ ရပ်လိုက်သည်။ ကင်မရာ ရဲ့အလင်းရောင်တွေက မျက်လုံးကိုနည်းနည်း အနှောက်အယှက်ဖြစ်စေတယ်။ ရပ်လိုက်ပြီး သတင်းသမားတွေကိုကြည့်ပြီး ပြုံးလိုက်သည်။

🗣"korapat ခင်ဗျ ၊ ပုံထဲက မိန်းကလေးနဲ့ဘယ်လိုပတ်သတ်တာလည်းဆိုတာ ဖြေကြားပေးလို့ရမလား"

" ဟုတ်!  ကျွန်တော် တို့က အနုပညာ မောင်နှမတွေပါ
ဒါထက်ဘာမှမပိုပါဘူး ၊ ဒါပြီး အနုပညာသမားအချင်းချင်း အတူတူတွဲ မြင်ရတာ မထူးဆန်းဘူးလို့ထင်တယ်"

🗣"ဒါဆို နောက်ထက် ဇာတ်ကားအတွက်လို့ ပြောလို့ရမလား"

" ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလုပ်ပဲ ၊ ေစာင့်ကြည့်ပါအုံးဗျ "

🗣 " ဒါဆို အခုထိ single လို့ပဲ ပြောချင်တာလား
ရှင့် ၊ single ဆိုတာကကော သေချာလား "

" သတင်းအမှားတွေကို ယုံနေရင်တော့ အမှန်ကို မြင်တော့မှာ မဟုတ်ဘူး မလား ၊ ကျွန်တော် ရဲ့ relationship ကို ကျွန်တော် ကိုယ်တိုင်ပဲ ပြောမှာပါ"

🗣" ဟုတ်ကဲ့! နောက်ထက် လာမယ့် စိတ်လှုပ်ရှားစရာတွေကိုလည်း စောင့်နေပါမယ် "

"ဟုတ်ကဲ့ စောင့်ကြည့်ပါအုံး "

အင်တာဗျူး ဖြေကြားပြီးတော့ ကျွန်တော့်ရဲ့ နောက်ထက် လက်ခံထားတဲ့ ဇာတ်ကားအတွက် ဒါရိုက်တာတွေနဲ့သွားတွေ့လိုက်သည်။ ဒါက ၁ နှစ် ကြာပြီးမှာ ပြန်ပြီး လက်ခံထားခြင်းပင်။ ဒီဇာတ်ကားကလည်း လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဇာတ်လမ်းကို ပြန်ပြီး အခန်းတွဲရိုက်ကူးမှာဖြစ်လို့ ငြင်းမရတာလည်း ပါသည်။
ဒါပြီး မင်းသားမီး နဲ့ က အရင်ကတည်းက ရင်းနှီးကြလို့ စကားပြောရတာ အဆင်ပြေ ပြီး close ဖြစ်နေခြင်းပင်။ ဒါကို ပုံတွေက ဘယ်လိုက ဘယ်လို media ပေါ်ရောက်သွားမှန်းမသိပါ။
pawat က ထို သတင်းတွေကိုကြည့်ပြီး ကျွန်တော့်ကို
စိတ်ဆိုးနေတာကြောင့် အင်တာဗျူး ဖြေရခြင်းပါ။

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now