part(33)

202 9 4
                                    

ကျွန်တော် သူ့ဆီက ချစ်တယ်ဆိုတဲ့စကားကိုအများကြီးမျော်လင့်ခဲ့တယ် အခုတော့
ကျွန်တော့်မှာ အရာအားလုံး ပြည့်စုံသွားပြီ ။

" ငါ မင်း ကို အရမ်း ချစ်တယ် "

ကျွန်တော့်ရဲ့ ကြောင်ပေါက်လေးက အခုတလောအရမ်းစကားတွေ တတ်လာတယ်။

ကျွန်တော့်ကို အချိန်အကြာကြီး
ကြည့်နေတဲ့ pawat ကိုကြည့်လိုက်သည်။
ကျွန်တော် သူ့ရဲ့ ပါး ကိုလက်နဲ့အသာပွတ်လိုက်တော့ pawat က ကျွန်တော့်ရဲ့လက်တွေကိုလာနမ်းနေသည်။

" မင်း မပြန်တော့ဘူးလား ငါ့ကို ဒီလိုပဲ ကြည့်နေတော့မှာလား "

"အင်း သွားကြမယ် "

pawat က ကားမောင်းလာတဲ့ တစ်လျှောက်လုံး ကျွန်တော့်ရဲ့လက်ကို မလွှတ်ပေး ဘူး။
ဒါပြီး သူကျွန်တော့်ကိုမကြာခဏ ကြည့်နေသည်။

ကျွန်တော် သိလိုက်ရတာက ဒါက ကျွန်တော့်ရဲ့ ကွန်ဒို ကိုသွားတဲ့လမ်းမဟုတ်သလို အိမ်ကိုသွားတဲ့လမ်းလည်း မဟုတ်ပါ။

" မင်းဘယ်ကိုမောင်းနေတာလည်း "

"ငါ မင်းကိုခိုးပြေးလာတာလေ! "

"ချီးပဲ! အမှန်တိုင်းပြောစမ်းပါ နောက်ပြောင်မနေ နဲ့တော့ "

" ငါ့ အိမ်အသစ်ကို! "

pawat က ပြောလိုက်တော့ ကျွန်တော် စိတ်အလိုမကြဖြစ်သွားတယ် ။
အမှန်တိုင်းပြော ရ ရင် ကျွန်တော် သူ့ပါးပါး ကို အခုထိတွေ့ဖို့အဆင်သင့်မဖြစ်သေးပါ။

အိမ်နေရာလမ်းက အရမ်း တိတ်ဆိတ်တယ်။
ဒါပြီး အိမ်က အခုခေတ်ပေါ်ဒီဇိုင်းမျိုးနဲ့ ဆောက်လုပ်ထားတဲ့ အိမ်လေး ။

ကား က ဆင်းလိုက်ပြီး korapat က pawat ရဲ့လက်ကို ဆွဲကိုင်လိုက်သည်။

ကျွန်တော့်ချစ်သူက ကြောက်နေတာလား ကျွန်တော် သူ့ရဲ့ လက်ကိုဆွဲလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

အိမ်ထဲဝင်သွားတော့ အန်တီ နဲ့ အန်ကယ်က ဧည့်ခန်းမှာ ထိုင်နေသည်။

"အန်တီ နေကောင်းတယ်မလား"

"ကောင်းတယ် လာ သား အန်တီက သားကိုလွမ်းနေတာ "

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now