part(29)

230 11 7
                                    

ကျွန်တော် pawat ကိုမြင်လိုက်ရတဲ့အချိန်မှာ အရင်ကထက် မျက်နှာက ပိုပြီးတည်နေသည် ကျွန်တော်တို့မတွေ့ရတာ ရက်အတော်ကြာခဲ့ပြီ သူပို့တဲ့ message တွေကိုအကုန် ဥပေက္ခာပြုထားခဲ့တာ တကယ်တော့ ကျွန်တော် သူ့ကို ဘာပြန်ပြောရမလဲ မသိလို့ပါ ဒါပြီး ကျွန်တော့်ရဲ့ သီချင်းခွေအသစ်ကိုအပြီးသတ်နေတာမို့ အချိန်မရှိခဲ့တာလည်း ဖြစ်သည်။

" မင်းနေကောင်းတယ်မလား "

pawat ရဲ့ ပထမဆုံးစကားအပြီးမှာ ကျွန်တော် ခေါင်းငြိမ့်ပြလိုက်သည်။

" ငါ...... ငါ ဝိုင်းဝိုင်း ကိုလာကြည့်တာ "

"..............."

ကျွန်တော် သိတယ် ဒါ ဆင်ခြေတစ်ခုပဲ ဖြစ်မယ်ဆိုတာ ၊ pawat ကိုနောက်တစ်ကြိမ် ခေါင်းငြိမ့်ပြလိုက်ပြီး ခုံမှာ ဝင်ထိုင်လိုက်သည်။

ကျွန်တော် pawat ကိုကြည့်လိုက်တော့ pawat ကလည်း ကျွန်တော့်ကို ပြန်ကြည့်လာသည် ကျွန်တော် တို့အတန်ကြာ စကားမပြောဖြစ်ကြပါ ကျွန်တော် ဘာပြောရမလဲ မသိဘူး။

" မင်း အခုတလော အဆင်ပြေတယ်မလား
သီချင်းခွေအသစ် ကနောက်အပတ်
ထွက်မယ်လို့ p'hnin က ပြောတယ် "

"အင်း!"

သူကျွန်တော့်ကို စကားမပြောချင်ဘူးလား?
ွkorapat အတွက် ကျွန်တော်က အနှောက်ယှက်ဖြစ်နေတာလား ကျွန်တော်သူ့မျက်နှာလေး ကိုကြည့်ချင်ယုံသာ korapat က အခုထိ ကျွန်တော်တို့ ရပ်ခဲ့ကြတဲ့အကြောင်းကို အခုထိမပြောပါ ။

" မင်းကော အဆင်ပြေလား!"

Korapat ရဲ့ မျက်နှာကိုကြည့်လိုက်သည် သူကျွန်တော့်ကို စကားပြောပေမယ့် korapat က ဝိုင်းဝိုင်း ကိုသာ ပွတ်သပ်နေသည်။

" ဒီလိုပါပဲ "

Korapat က ကျွန်တော့် ကိုလာကြည့်လာသည် ၊ ဒီလိုပါပဲ ဆိုတာ ဘာကိုပြောတာလဲ
သူအဆင်မပြေမှန်းကျွန်တော် သိတယ်။

ဒါပေမယ့် ပြီးသွားတဲ့ အရာတွေက ပြန်
မဖြစ်နိုင်တော့ဘူးလေ !

"မင်း ကားပြိုင်နေတာလား "

" စမ်းကြည့်တာပါ ကိုယ်အဲလိုဟာမျိုးတွေလုပ်နေရင် တစ်ယောက်ယောက်ကများ
လာပြီးဟန့်မလားလို့လေ "

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now