Prologue

1.4K 101 49
                                    

(Unicode)

ဒယ်ဂူမြို့ရဲ့အထက်တန်းကျောင်းလေးက ကျောင်းတက်ချိန်ဖြစ်တာကြောင့် လူသွားလူလာစည်ကားနေတယ်...။ ဆယ်ကျော်သက်အရွယ်လေးတွေရဲ့ ဆူဆူညံညံစကားပြောဆိုသံလေးတွေက မနက်ခင်းကို ပိုမိုအသက်ဝင်စေတယ်...။

ကျောင်းသားကျောင်းသူတွေအားလုံး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ကျောင်းကိုလာနေကြပေမယ့် ကောင်လေးတစ်ယောက်ကတော့ တမူထူးခြားစွာပင် ကျောပိုးအိတ်ကို တရွတ်တိုက်ဆွဲရင်း လေးဖင့်တဲ့ခြေလှမ်းတွေနဲ့ လှမ်းလျှောက်လို့နေတယ်...။

နဂိုတည်းက လူနဲ့စိတ်မကပ်သလိုဖြစ်နေတဲ့သူ့ကို ကျောင်းသားတချို့က တမင်သက်သက်တိုးတိုက်သွားတာကြောင့် ယိုင်နဲ့နဲ့ဖြစ်သွားရင်း လှည့်ကြည့်မိတော့ တစ်ဖက်လူတွေက လှောင်ပြောင်သွားကြသေးရဲ့...။

"ဂျီမင်း... အခြောက်လိုကောင်"

"မကြာခင်သူလည်း သူ့အမေလိုပဲဖြစ်လာမှာပဲ"

"ဟေ့ကောင် မင်းအမေလိုလုပ်စားမယ်ဆိုလည်း ငါတို့ကိုပြောဦးနော်... ဈေးဦးဖောက်ပေးမလို့လေ... ဟား ဟား...!!"

လှောင်ပြောင်နေကြတဲ့သူတွေကို ဂျီမင်းဆိုတဲ့ကောင်လေးကတော့ ခွန်းတုန့်ပြန်မနေဘဲ အေးစက်စက်မျက်ဝန်းတွေနဲ့သာ စိုက်ကြည့်နေလိုက်တယ်...။ ဒါတွေက ခုမှကြုံတွေ့ရတာမျိုးမဟုတ်...။ ဒါကြောင့် ဂျီမင်းက အရေထူလို့နေလေပြီ...။

ဒီကောင်တွေကလည်း ပါးစပ်ကနေသာ လှောင်ပြောင်နိုင်ကြတာပါ...။ ကိုယ်ထိလက်ရောက်တော့ ဘယ်သူမှမလုပ်ရဲကြဘူးလေ...။ ဘာလို့လဲဆိုရင် ဂျီမင်းက လူကောင်သေးပေမယ့်လည်း ကိုယ်ခံပညာကို တတ်ကျွမ်းသူမို့လို့ပင်...။

လှောင်ပြောင်စကားတွေအတွက်ကိုတော့ ဂျီမင်းက အေးစက်စက်သာပြန်တုန့်ပြန်တတ်တယ်...။ ဒယ်ဂူလို နယ်မြို့လေးမှာ သူ့အမေရဲ့နာမည်က ပျက်စပြုနေပြီဆိုတော့ ဒီလိုပြောကြတာမဆန်းပါဘူး...။

"ဒီလပတ်စာမေးပွဲလည်း ထပ်ကျပြန်ပြီနော် ဂျီမင်း"

အတန်းပိုင်ဆရာရဲ့ဆူပူမှုကို ဂျီမင်းက ထုံးစံအတိုင်း တုံဏှိဘာဝေသာ တုန့်ပြန်တယ်...။ ကျောင်းမှာ‌ဆို ဂျီမင်းက ပိုက်ဆံသုံးနိုင်တဲ့ကျောင်းသားထဲမှာ ပါဝင်တဲ့သူမို့လို့ စာမေးပွဲတွေကျနေသည့်တိုင် ကျောင်းထုတ်ပစ်တာမျိုးတော့ မလုပ်ကြပါ...။

You're My Destiny (Completed)Where stories live. Discover now