16. Choi Kangmin

418 59 19
                                    

(Unicode)

မှန်ရှေ့မှာအတန်ကြာရပ်နေပြီးတော့မှ ဂျီမင်းတစ်ယောက်တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်ဟန်နဲ့ လက်သီးလေးကိုဆုပ်လိုက်တယ်...။ သူဒီရက်ပိုင်း အများကြီးစဉ်းစားပြီးမှ ခုလိုဆုံးဖြတ်ရတာပင်...။

သူ့ဆုံးဖြတ်ချက်ကိုပြောပြဖို့ရန်အတွက် မာမီရှိနေမယ့်ရေကူးကန်ဆီကို ထွက်လာခဲ့လိုက်တယ်...။ သူကိုယ်တိုင်လည်း ရေကူးမှာဖြစ်တဲ့အတွက် ဘောင်းဘီတိုလေးကို ဝတ်ဆင်ထားရင်းနဲ့ပေါ့...။

"မာမီ...!!!"

"အော် ရောက်လာပြီလား သား... မာမီကတော့ ဖျော်ရည်အရင်သောက်လိုက်ဦးမယ်... သားကူးချင်ကူးနှင့်လေ"

သူ့ကိုပြန်ပြောလာတဲ့မာမီက ရေကူးကန်ဘေးက ခုံတန်းရှည်ပေါ်မှာ လှဲလျောင်းနေရင်းနဲ့ အိမ်အကူ‌တွေဖျော်ပေးတဲ့ဖျော်ရည်ကို ပိုက်လေးတပ်ကာစုပ်သောက်နေတယ်လေ...။ ရေကူးဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် မာမီရဲ့အချိုးအစားကျတဲ့ ခန္ဓာကိုယ်အလှကို အထင်းသားမြင်တွေ့နေရတယ်...။

"မာမီ့ကိုပြောစရာရှိလို့"

"အင်း ပြောလေ"

တပ်ထားတဲ့နေကာမျက်မှန်ကို ခေါင်းပေါ်လှန်တင်လိုက်ရင်းနဲ့ မာမီက ဂျီမင်းကိုတည့်တည့်ကြည့်လာတယ်...။ ဂျီမင်းလည်း သူမရဲ့ဘေးက တခြားခုံတစ်ခုမှာဝင်ထိုင်လိုက်ပြီးမှ ပြောလိုက်‌တော့တယ်...။

"ဒီရက်ပိုင်း သားသေချာစဉ်းစားပြီးပြီ... မိသားစုနဲ့နေရတာက ပျော်စရာကောင်းတယ်ဆိုပေမဲ့ သားက အသားမကျဘူးထင်တယ်... ၃ယောက်အတူတူလျှောက်လည်ရင်လည်း ပျော်စရာကောင်းဝာာထက် တစ်ခုခုလိုအပ်နေသလို ခံစားချက်ကြီးကို ခံစားနေရတယ်"

ယူရီကတော့ စိတ်ရှုပ်ထွေးနေဟန်နဲ့ စကားပြောနေတဲ့ဂျီမင်းကို အသာစိုက်ကြည့်ရင်း သူပြောလာသမျှကို စိတ်ရှည်လက်ရှည်နားထောင်ပေးနေတယ်...။

"မာမီလဲ အဖော်လိုအပ်တာကိုနားလည်ပေမဲ့ ဒယ်ဒီနဲ့တော့ ပြန်လက်မထပ်ပါနဲ့... သားက ဒယ်ဒီနဲ့မာမီဆီမှာ တစ်လှည့်စီလိုက်နေပေးမယ်လေ နော်"

ဂျီမင်းရဲ့စကားအဆုံးမှာ ယူရီက အားရပါးရရယ်မောလိုက်တော့တယ်...။ သူမရဲ့သားက သူ့ရဲ့ဒယ်ဒီအပေါ်မှာ တိတ်တိတ်လေးသဝန်တိုနေခဲ့တာပဲ...။

You're My Destiny (Completed)Where stories live. Discover now