10. First day of school

449 57 16
                                    

(Unicode)

ဒယ်ဒီ့နားမှာ ချွဲနွဲ့ဂျီကျနေရင်းနဲ့ပဲ ဂျီမင်းရဲ့ကျောင်းတက်ရက်တွေကို ရောက်ရှိလို့လာတော့တယ်...။ ဒယ်ဒီက လူချမ်းသာ‌ေတွရဲ့ သားသမီးတွေသာတက်ခွင့်ရတဲ့ အကောင်းဆုံးသောကျောင်းတစ်ခုမှာ ဂျီမင်းကိုအပ်နှံပေးထားတယ်...။

လူချမ်းသာတွေရဲ့သားသမီးတွေပဲ တက်လို့ရတယ်ဆိုပေမယ့် သင်ကြားရေးကတော့ အထူးကောင်းမွန်သလို စာမေးပွဲအောင်ဖို့အတွက် ငွေနဲ့လိုက်လို့မရတာကြောင့် ထိုကျောင်းက နာမည်ကြီးလှတယ်...။ ဒယ်ဒီကလည်း ကျောင်းတွေကိုသူ့စိတ်ကြိုက် သေချာစုံစမ်းပြီးမှ အပ်ပေးခဲ့တာကိုး...။

"မင်နီလေး ကျောင်းစတက်ရမှာမို့ စိတ်လှုပ်ရှားနေလား...??"

ဒယ်ဒီကသူ့ကို ခုမှမူကြိုစတက်မယ့် ကလေးလေးတစ်ယောက်လို မေးမြန်းနေတာကြောင့်မို့ ဂျီမင်းရယ်ချင်မိပေမယ့် ဒယ်ဒီ့ကလေးလေးလုပ်ရတာကို သဘောကျတာကြောင့်မို့ မျက်လုံးလေးတွေမှေးမှိတ်သွားတဲ့အထိ ရယ်ပြလိုက်တယ်...။

"ဟုတ်... ကျောင်းအသစ်ကြီးမှာတက်ရမှာဆို‌တော့ နည်းနည်းစိတ်လှုပ်ရှားတယ်"

"ဘာမှမကြောက်နဲ့... ဒယ်ဒီကိုယ်တိုင်လိုက်ပို့ပေးမယ်... ကျောင်းမှာတစ်ခုခုလိုအပ်တာရှိလည်း ဒယ်ဒီ့ကိုပြောနော်"

"ဟုတ်ကဲ့ ဒယ်ဒီ"

ဂျီမင်းရင်ထဲမှာ ကြည်နူးမှုတွေအပြည့်နဲ့ပါ...။ အရင်ကျောင်းမှာတုန်းက ဂျီမင်းက ကျောင်းသားဆိုးလေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်...။ မာမီကလည်း သိပ်ဂရုမစိုက်တာကြောင့် အရွဲ့တိုက်ရင်းဆိုးသွမ်းလာခဲ့တာလေ...။

အခုတော့ ဒယ်ဒီ့ရဲ့မေတ္တာတွေကြောင့် ဂျီမင်းအရင်လိုမျိုး လူဆိုးလေးမလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်...။ ဒယ်ဒီဖြစ်စေချင်သလို ပညာတတ်ကြီးဖြစ်အောင်လုပ်ပြီး ဒယ်ဒီဂုဏ်ယူရတဲ့သားတစ်ယောက်အနေနဲ့ ရှိချင်မိတယ်လေ...။

ဂျီမင်းရဲ့ပြောင်းလဲမှုတွေကို မာမီကတောင် အံ့ဩနေခဲ့တာ...။ အရင်က ဂျစ်တီးဂျစ်ကန်ကောင်လေးက ခုတော့ဖြူစင်တဲ့ကလေးလေး ဖြစ်နေပြီပဲလေ...။ ဒါတွေက ဒယ်ဒီ့ရဲ့ဂရုစိုက်မှုတွေကြောင့်ပါ...။

You're My Destiny (Completed)Where stories live. Discover now