(Unicode)
"ကိုယ်မင်းကိုချစ်တယ်... မင်းရဲ့တစ်ဘဝလုံးကို စောင့်ရှောက်ပေးချင်တယ်"
"ဟင့်အင်း... ငါက ယောင်္ကျားလေးချင်းစိတ်မဝင်စားဘူး... မင်းအပေါ်လည်း သူငယ်ချင်းတစ်ယောက်ထက်မပိုဘူး"
ပြောပြောဆိုဆိုနဲ့လှည့်ထွက်သွားတဲ့ ကျောပြင်ငယ်လေး...။ ဖမ်းဆုပ်ဖို့ကြိုးစားသည့်တိုင် ကိုယ်နဲ့ဝေးရာကိုသူက ထွက်သွားခဲ့လေပြီ...။
"မင်... ကိုယ့်ကိုမထားခဲ့ပါနဲ့"
ကယောင်ကတမ်းအော်မိရင်း အိပ်ပျော်ရာကနေနိုးလာတဲ့အခါ ယွန်းဂီရဲ့နှလုံးသားတစ်ခုလုံး ဆွဲဆုပ်ခံထားရလိုနာကျင်မှုနဲ့အတူ အသက်ရှူမဝမောဟိုက်မှုကိုပါ ခံစားခဲ့ရတယ်...။ စိတ်ကိုတဖြည်းဖြည်းချင်းပြန်လျော့ရင်း နာကျင်နေတဲ့လက်မောင်းတစ်ဖက်ကို သတိထားမိတော့ ဘေးကိုငဲ့စောင်းကြည့်မိတဲ့အခါ အိပ်ပျော်နေတဲ့ဂျီမင်းကို တွေ့လိုက်ရတယ်...။
ယွန်းဂီရဲ့အေးချမ်းရာလေး...။ အမြံတမ်း အတိုက်အခိုက်တွေ နာကျင်မှုတွေ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့ယွန်းဂီအဖို့ ဂျီမင်းရောက်လာခဲ့ပြီးတော့မှ အရင်ကထက် ပိုပြီးနေသာလာခဲ့တယ်...။
ကိုယ့်ဘက်ကိုလှည့်ကာ ဘေးတစောင်းလေးအိပ်ပျော်နေတဲ့ ဂျီမင်းရဲ့မျက်နှာလေးကို လက်နဲ့အသာဖွဖွထိတွေ့မိတဲ့အခါ ကလေးငယ်က မျက်တောင်လေးတဖျတ်ဖျတ်ခတ်ရင်း နိုးသွားခဲ့တယ်...။ အရမ်းလှတဲ့အခိုက်အတန့်လေးကြောင့် ယွန်းဂီတခဏတော့ ငေးခနဲဖြစ်သွားရတယ်...။
"ဆောရီး မင်နီ... ဒယ်ဒီ့ကြောင့်နိုးသွားတာလား...??"
"မဟုတ်ပါဘူး... ဒီအချိန်က မင်နီနိုးနေကျအချိန်မို့ပါ"
ချစ်စဖွယ်လေးပြန်ဖြေတဲ့ ဒီကလေးငယ်ကို ယွန်းဂီမချစ်ဘဲမနေနိုင်ပါ...။ ဖြစ်နိုင်ရင်သေးသေးလေးလုပ်ပြီး အိပ်ကပ်ထဲထည့်ကာ ခေါ်သွားချင်လိုက်တာ...။
အာ...အဲ့လိုတွေးလိုက်တော့မှပဲ ညကျရင် မိတ်ဆွေတစ်ယောက်ရဲ့ ညစာစားပွဲကိုတက်ရမယ့်အကြောင်း သတိရသွားတော့တယ်...။ ဂျီမင်းလေးကို အတူခေါ်သွားပြီးပွဲထုတ်လို့ရတာပဲ...။ ကလေးငယ်ရဲ့သဘောထားကရော ဘယ်လိုပါလိမ့်...။
YOU ARE READING
You're My Destiny (Completed)
Fanfictionငါကိုယ်တိုင်ဖန်တီးခဲ့တဲ့ ငါ့ရဲ့ကံကြမ္မာလေး~ Min Yoongi x Park Jimin