8. Jimin's Birthday party

445 62 22
                                    

(Unicode)

အိစက်နေတဲ့မွေ့ယာကြီးပေါ်မှာ အိပ်မောကျနေတဲ့ ဂျီမင်းရဲ့ပုံစံလေးက ပုံပြင်ထဲကမင်းသားလေးတစ်ပါးပမာပင်...။ လိုလေသေးမရှိ ပြီးပြည့်စုံလွန်းတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့သူမဟုတ်လား...။

"အင်း...ဟင်း..."

မင်းသားငယ်လေးဟာ လူးလွန့်ကာနိုးလာပြီးနောက် ပျင်းကြောတစ်ချက်ဆန့်လိုက်ရင်း နံရံထက်က နာရီကိုလှမ်းကြည့်လိုက်တယ်...။ ၇နာရီဆယ်မိနစ်ကို ညွှန်ပြနေတာကြောင့် စောလွန်းတယ်မဆိုသာသလို နောက်ကျလွန်းတယ်လို့လည်း ပြောလို့မရပေ...။

အိပ်ချင်မူးတူးနဲ့ မျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ ဂျီမင်းဟာ တစ်စုံတစ်ခုကို သတိရသွားတာကြောင့် ဆတ်ခနဲဖြစ်သွားခဲ့တယ်...။

"ဒီနေ့ ငါ့မွေးနေ့ပဲ"

ဟုတ်ပါတယ်...။ မင်းသားငယ်လေးဟာ ဒီနေ့မှာအသက်၁၅နှစ်တင်းတင်း ပြည့်သွားခဲ့လေပြီ...။ ဒယ်ဒီ့ဆီရောက်လာတဲ့ ၅လအတွင်းမှာပေါ့...။

မွေးနေ့ရောက်လာတာမို့ ထူးထူးခြားခြားတော့ မခံစားရပါ...။ ဘာလို့လဲဆိုတော့ မာမီနဲ့အတူနေတုန်းကလည်း သူ့ကိစ္စတွေနဲ့အလုပ်ရှုပ်နေတာမို့ ဂျီမင်းရဲ့မွေးနေ့ကို မှတ်မှတ်ရရမရှိခဲ့ဘူးလေ...။ ဒါကြောင့် မွေးနေ့တိုင်းကို သမရိုးကျနေ့ရက်တွေလိုပဲ ဂျီမင်းဖြတ်သန်းခဲ့တာပါ...။

ဒယ်ဒီကတော့ မာမီ့ထက်စာရင် ဂျီမင်းကိုဂရုစိုက်ပေးတာကြောင့် ဒီနေ့သာဂျီမင်းရဲ့မွေးနေ့ဆိုတာ ထုတ်ပြောလိုက်မယ်ဆိုရင် တစ်ခုခုစီစဉ်ပေးမယ်ဆိုတာ သိပေမယ့်လည်း မလုပ်ချင်တော့ပါ...။ ဂျီမင်းက ပြောမှလုပ်ပေးတဲ့ဂရုစိုက်မှုကို မလိုချင်ဘူးလေ...။

ဒီတိုင်းလည်း ဒယ်ဒီက အမြဲအလိုလိုက်ကာ ဂရုစိုက်ပေးတတ်တာကြောင့် အထွေအထူးတော့မရှိပါ...။ မွေးနေ့ဆိုတာ နှစ်တိုင်းဖြတ်သန်းနေရတဲ့ ပုံမှန်နေ့ရက်တစ်ခုပဲဟာ...။

အတွေးစတွေကိုဖြတ်ပြီး ဂျီမင်းလည်း အိပ်ယာပေါ်ကဆင်းကာ မျက်နှာသစ်သွားတိုက်တာကို လုပ်လိုက်တော့တယ်...။ တစ်နေ့တစ်နေ့ လုပ်စရာထွေထွေထူးထူးမရှိတဲ့ဂျီမင်းကို ဒယ်ဒီက အေးအေးဆေးဆေးပဲ အိပ်စေတာမို့လို့ မနက်ခင်းမှာ လာနှိုးတာမျိုးမလုပ်ပါ...။

You're My Destiny (Completed)Donde viven las historias. Descúbrelo ahora