14. Replacement

377 57 26
                                    

(Unicode)

စာသင်ချိန်တစ်ချိန်ပြီးလို့ စာအုပ်တွေသိမ်းနေတဲ့ဂျီမင်းရဲ့အနားကို ကျောင်းသားတစ်ယောက် မယောင်မလည်နဲ့ကပ်လာခဲ့တယ်...။ ဒါကြောင့် ဂျီမင်းလည်း ခပ်တည်တည်နဲ့ပြန်ကြည့်ပေးလိုက်တယ်...။

အရင်ကျောင်းမှာသူငယ်ချင်းမရှိခဲ့သလို အခုကျောင်းမှာလည်း ဂျီမင်းအတွက် သူငယ်ချင်းမရှ်ိခဲ့ပါ...။ ဒါကလည်း တစ်‌ယောက်တည်းနေရတာကို ပိုသဘောကျတဲ့ဂျီမင်းရဲ့ အကျင့်စရိုက်ကြောင့်ပင်...။

"ဟိုလေ...ငါ့နာမည်က လီဒိုယောင်းပါ"

"အဲ့ဒီတော့...??"

ခပ်ဆတ်ဆတ်ပြန်မေးလိုက်တဲ့ ဂျီမင်းကြောင့် တစ်ဖက်လူက စကားပြောရမှာပိုလန့်သွားဟန်ပင်...။ စိတ်မရှည်သလို မျက်မှောင်ကျုံ့ကာကြည့်လိုက်‌တော့မှ သူ့ကိုယ်နဲ့ကွယ်ယူလာတဲ့ နှင်းဆီပန်းအနီရဲရဲတစ်ပွင့်ကို ကမ်းပေးလာခဲ့တယ်...။

"ငါ...ငါ... ဂျီမင်းကို... သဘောကျလို့"

"ဟမ်...??"

"မင်ဂျီမင်းကို သဘောကျပါတယ်... မင်ဂျီမင်းရဲ့ကောင်လေး ဖြစ်ချင်ပါတယ်"

ရုတ်တရတ်စာရွတ်သလိုထပြောတဲ့ အနှီကျောင်းသားကြောင့် ဂျီမင်းမှာ ဘာပြန်ပြောရမှန်းမသိ အူကြောင်ကြောင်ဖြစ်သွားရတယ်...။ သူ့အသံက နည်းနည်းကျယ်တာကြောင့် တခြားသူတွေကပါလှည့်ကြည့်လာပြီး ပွဲကြီးပွဲကောင်းတစ်ခုလိုမျိုး အာရုံစိုက်လာကြတော့တယ်...။

ဂျီမင်းမှာလည်း ခုအသက်အရွယ်ရောက်တဲ့အထိ ချစ်ခွင့်ပန်ခြင်းမခံရဖူးတာကြောင့် အတန်ငယ်အိုးတို့အမ်းတမ်းပေါ့...။ ရုပ်လေးကချောပါရက်နဲ့ အကြောခပ်တင်းတင်းနေတတ်တဲ့ ဂျီမင်းကို ရန်လာစတဲ့သူတွေသာရှိခဲ့ဖူးပြီး သဘောကျကြောင်းဝန်ခံတာကတော့ ဒီတစ်ယောက်က ပထမဆုံးပါပဲ...။ သေချာကြည့်မယ်ဆို ဂျီမင်းရဲ့ပါးလေးတွေ နီရဲနေတာကို သတိထားမိမှာပါ...။

"ဘာလို့လဲ...?? ငါက ယောင်္ကျားလေးလေ"

ဂျီမင်းက သူ့ကိုယ်သူဂေးတစ်‌ယောက်ဆိုတာကို တခြားသူတွေမသိစေချင်တာကြောင့် ထိုသို့မေးလိုက်ခြင်းပင်...။ ဂျီမင်းရဲ့အပြုအမူတွေက ကနွဲ့ကလျဖြစ်မနေပါဘဲနဲ့ ယောင်္ကျားလေးတစ်ယောက်က လာကြိုက်တယ်ဆိုတော့ အနည်းငယ်တော့ ထူးဆန်းမိတာအမှန်...။

You're My Destiny (Completed)Where stories live. Discover now