(Unicode)
အလုပ်ကပြန်လာတဲ့ယွန်းဂီ သူ့ကိုအမြဲထွက်ကြိုနေကျ ဂျီမင်းကို မတွေ့ရတဲ့အခါမှာ တစ်ခုခုလိုအပ်နေသလိုခံစားရတယ်...။ ကလေးငယ် အိမ်မှာမရှိလို့များလား...?? သူ့မာမီနဲ့အပြင်သွားတာလားမသိ...။
"သခင်ကြီး ပြန်ရောက်လာပြီ"
အိမ်အကူတွေက ပျာပျာသလဲကြိုဆိုကြသည့်တိုင် ဂျီမင်းကိုမတွေ့ရတာကြောင့် ယွန်းဂီစိတ်ထဲ တစ်ခုခုလိုအပ်နေသလိုပင်...။ ဒါကြောင့်မနေနိုင်ဘဲ ထုတ်မေးရတော့တယ်...။
"မင်နီရော...?? သူ့မာမီနဲ့အပြင်သွားတာလား...??"
"မဟုတ်ပါဘူးသခင်ကြီး... နှစ်ယောက်လုံးအိမ်မှာရှိကြပါတယ်"
ထိုအဖြေကြောင့် ယွန်းဂီမျက်မှောင်ကျုံ့မိတယ်...။ ဒီကလေး ဘာတွေများအလုပ်များနေပါလိမ့်...။ စိတ်တော့မဆိုးမိပါ...။ ဂျီမင်းမရှိခင်ကတည်းက သူ့ကိုကြိုဆိုသူဆိုလို့ အိမ်အကူတွေပဲရှိတာကို...။
"အအေးသောက်လိုက်ပါဦး သခင်ကြီး"
အိမ်အကူတစ်ယောက်လှမ်းပေးလာတဲ့ အအေးခွက်ကို တစ်ငုံယူသောက်လိုက်ပြီး ပြန်ပေးလိုက်တဲ့အချိန်မှာပင် သူ့အနားကိုရောက်လာတဲ့ ယူရီကိုတွေ့လိုက်ရတယ်...။ ယူရီက ပန်းနုရောင်လက်ပြတ်ဂါဝန်ရှည်လေးကို ဝတ်ဆင်ထားတာကြောင့် အရုပ်မလေးတစ်ရုပ်လို ချစ်ဖို့ကောင်းနေပြန်တယ်...။
"ယွန်းဂီ...ငါနင့်ကိုပြောစရာရှိတယ်"
"အင်း...ပြောလေ"
သူတို့စကားပြောကြမယ်ဆိုတော့ အိမ်အကူတွေကလည်း အလိုက်တသိနဲ့ဘေးကနေ ထွက်သွားကြလေတယ်...။ သူတို့ရဲ့စိတ်ထဲမှာ ယွန်းဂီနဲ့ယူရီက အရမ်းကိုလိုက်ဖက်တယ်လို့ ထင်နေမိကြတယ်...။ သူတို့နှစ်ယောက်ကို ပြန်ပေါင်းထုတ်တော့မယ်လို့လဲ ထင်နေကြတာပါပဲ...။ ဘာလို့လဲဆိုရင် ယူရီဒီမှာလာနေတာ တစ်လကျော်လောက်ရှိနေပြီကိုး...။
"တစ်ခုခုဖြစ်လို့လား...?? မင်နီကိုလဲ မတွေ့မိဘူး"
"အင်း...ဂျီမင်းက စိတ်မကောင်းဖြစ်နေတယ်လေ"
"ဘာဖြစ်လို့လဲ... သူဘာလိုချင်တာရှိလို့လဲ... ငါသွားကြည့်လိုက်မယ်"
YOU ARE READING
You're My Destiny (Completed)
Fanfictionငါကိုယ်တိုင်ဖန်တီးခဲ့တဲ့ ငါ့ရဲ့ကံကြမ္မာလေး~ Min Yoongi x Park Jimin