22. Little Argument

385 41 31
                                    

(Unicode)

ဟန်းနီးမွန်းခရီးစဉ်က ရန်ဘက်ဂိုဏ်းက လူတွေကြောင့်မို့ အတန်ငယ်ကမောက်ကမဖြစ်သွားပေမယ့်လည်း ဂျီမင်းကတော့ စိတ်အနှောက်အယှက်မဖြစ်သွားဘဲ ပျော်နေသေးတာကြောင့် ယွန်းဂီစိတ်သက်သာရာရသွားတော့တယ်...။

ခုတော့ သူတို့နှစ်ယောက် ဆိုးလ်ကိုပြန်ရောက်လာကြပြီဖြစ်ပြီး သူတို့ပြန်ရောက်လာတာနဲ့ အိမ်ကအလုပ်သမားတွေက အခမ်းအနားနဲ့ကို ကြိုဆိုကြတာကြောင့် ဂျီမင်းမှာ သဘောကျမဆုံးဖြစ်ရပြန်တယ်...။ သူက သူ့ကိုဂရုစိုက်ပေးကြတာကို နှစ်သက်တဲ့သူဆိုတော့ ခုလိုကြိုဆိုကြတော့ ဝမ်းသာမဆုံးဖြစ်ရတာပေါ့...။

ယွန်းဂီကတော့ ပြန်ရောက်ပြီးတာနဲ့ တစ်ရက်လောက်ပဲနားပြီး အလုပ်ပြန်ဆင်းနေလေတယ်...။ ကျောင်းပိတ်ထားတဲ့ဂျီမင်းကတော့ အိမ်မှာစားလိုက်အိပ်လိုက်ပါပဲ...။ တစ်ခါတလေ စိတ်ကူးပေါက်တဲ့အခါဆိုရင်တော့ မီးဖိုခန်းထဲဝင်ပြီး ယွန်းဂီကြိုက်တဲ့ဟင်းပွဲတွေကို ချက်ပြုတ်ဖို့ကြိုးစားတတ်တယ်...။

အိမ်ရှင်ထီးပေါက်စလေး ဂျီမင်းဟာ ကလေးစိတ်မပျောက်တပျောက်နဲ့မို့ သိပ်ချစ်စရာကောင်းလွန်းနေတယ်လေ...။ အရင်တည်းက အိမ်အလုပ်သမားတွေက သူတို့ရဲ့သခင်လေးကို ချစ်ကြောက်ရိုသေရာကနေ ခုလိုသူတို့သခင်ကြီးရဲ့ သက်ဆိုင်သူအနေနဲ့လည်း ထူးထူးခြားခြားအမြင်ပြောင်းလဲသွားတာမျိုးတော့ မရှိကြပါ...။

ဒီနေ့တော့ ယွန်းဂီက ဂျီမင်းကို တစ်နေရာကိုခေါ်သွားပေးမယ်လို့ ပြောထားတာကြောင့်မို့ ဂျီမင်းအစောကြီးကတည်းက ပြင်ဆင်ပြီးစောင့်နေမိတယ်...။ ဘယ်သွားမှာလဲဘာညာတော့ ဂျီမင်းမမေးပါ...။ ယွန်းဂီနဲ့သာဆို ဘယ်ကိုဖြစ်ဖြစ်သူလိုက်မှာပဲလေ...။

ပုံမှန်အလုပ်ဆင်းချိန်ထက်စောပြီး ယွန်းဂီပြန်လာတဲ့အခါ ဂျီမင်းကလည်း အပြေးလေးသွားကြိုလိုက်တယ်...။ ယွန်းဂီရဲ့လက်ထဲက ဖိုင်တွဲတွေနဲ့ laptop ကိုဆွဲယူလိုက်တဲ့အခါ ယွန်းဂီကလည်း အလိုက်သိလွန်းတဲ့ကလေးလေးကို အနမ်းတစ်ပွင့်ဆုချခဲ့တယ်...။

"ဘေဘီက အပြင်သွားဖို့‌တောင်ပြင်ဆင်ပြီးပြီပေါ့‌လေ"

"ဟုတ်တယ်ဒယ်ဒီ... အဲ့ဒါမှ ဒယ်ဒီအကြာကြီးမစောင့်ရမှာလေ"

You're My Destiny (Completed)Where stories live. Discover now