12. Injury

414 64 7
                                    

(Unicode)

ငြိမ်ချက်သားကောင်းနေတဲ့ Black dragon ဂိုဏ်းဘက်က ယွန်းဂီတို့ ရုရှားက ဝယ်လက်တွေနဲ့ ပစ္စည်းအလဲအလှယ်လုပ်နေတဲ့အချိန်ကျမှ ရဲဘက်ကိုသတင်းလှမ်းပို့လိုက်တာကြောင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်ရတယ်...။

"ဘော့စ် အနောက်ဘက်မှာလည်း ဝိုင်းထားကြပြီ"

"တောက်...!!! ဒီခွေးသူတောင်းစားတွေ...!!!"

ယွန်းဂီအနေနဲ့က သေချာလေ့ကျင့်ပေးထားတဲ့ဂိုဏ်းသားတွေနဲ့အတူ ပစ်ကြခတ်ကြရင်းနဲ့ ထွက်ပြေးလွတ်မြောက်နိုင်ပေမယ့် တစ်ဖက်က ကိုယ့်ရဲ့ဖောက်သည်ဖြစ်တဲ့ ရုရှားလူမျိုး Mr.Tony ကို ကာကွယ်ပေးရမယ်...။ သူက ဒီနိုင်ငံကမဟုတ်သလို ကိုယ်တာဝန်ယူပြီးခေါ်ထားတာကြောင့် နောက်လိုက်များများစားစားလဲ ပါမလာခဲ့ပေ...။

"Mr.Tony... this way...!!!"

ဆူညံနေတဲ့ပစ်ခတ်သံတွေကြားမှာ ယွန်းဂီဟာ သူ့ရဲ့ဖောက်သည်ကိုအရခေါ်ပြီး တစ်ဖက်ကိုလည်းသတိထားကာ ပြန်ပစ်ခတ်ရင်းကာကွယ်ရတယ်...။ ဘာမှခုခံစရာပါမလာတဲ့ Mr.Tony ကတော့ ပါးစပ်ကနေဆဲဆိုရင်းနဲ့ ယွန်းဂီနောက်ကနေ အထိတ်တလန့်ပါလာခဲ့တယ်...။

"Hide...!!!"

လမ်းချိုးနေရာကနေ ထွက်ပေါ်လာတဲ့ရဲတွေကြောင့် သူ့ကိုအကွယ်တစ်ခုမှာ ပုန်းနေစေပြီး ပစ်ခတ်ရပြန်တယ်...။ အရေးထဲကျည်ကုန်သွားတာကြောင့် သေနတ်ကိုခါးကြားပြန်ထိုးပြီး လက်ဗလာနဲ့ချရပြန်‌တယ်...။ မျက်နှာပေါ်မှာ mask တပ်ထားတာကြောင့် ယွန်းဂီရဲ့မျက်နှာကို သေချာမမြင်နိုင်သော်လည်း သတိကြီးကြီးတော့ထားရတယ်...။

ရုတ်တရတ်အကွယ်ကနေ ခုန်ထွက်လာတဲ့ယွန်းဂီကြောင့် ကြောင်အ,သွားတဲ့ရဲတစ်ယောက်ကို လက်သီးခပ်ပြင်းပြင်းတစ်ချက် ထိုးချလိုက်တယ်...။ ထိုအခါ တခြားရဲတွေကပါ သေနတ်နဲ့ချိန်လာပေမဲ့ နှစ်ယောက်သားလုံးထွေးနေတဲ့အခြေအနေမို့ ပစ်ဖို့အခွင့်မသာပေ...။

တစ်ဖက်လူကလည်း အထူးတပ်ဖွဲ့ဝင်ဖြစ်တဲ့အလျောက် တော်တော်လေးတိုက်ရည်ခိုက်ရည်ရှိတာကြောင့် ယွန်းဂီမနည်းယှဉ်ထိုးပြီးမှ သေနတ်ကိုဆွဲလုနိုင်ခဲ့တယ်...။ လူချင်းအကွာမှာတော့ သေနတ်ကိုယူပြီး ပြန်ပြေးတဲ့အခါ နောက်ကနေကျည်ဆန်တွေက ထပ်ကြပ်မကွာပါလာတော့တယ်...။

You're My Destiny (Completed)Where stories live. Discover now