11. Bully Boys

470 58 37
                                    

(Unicode)

"ဟေး ကျောင်းသားသစ်...!!!"

အနောက်ကနေ လှမ်းခေါ်လာတဲ့အသံနဲ့အတူ ပခုံးပေါ်ရောက်လာတဲ့ လက်တစ်ဖက်ကြောင့် ဂျီမင်းလှည့်ကြည့်လိုက်တော့ မိုက်ကန်းကန်းပုံစံနဲ့ စီနီယာကျောင်းသား၃ယောက်...။

"ဘယ်ဆိုးလို့လဲ အလှလေးပဲကွ"

မျက်နှာပေါ်ရောက်လာတဲ့အထိအတွေ့ကြောင့် တစ်ချက်ပုတ်ထုတ်လိုက်တော့ သူတို့ကမျက်ခုံးပင့်ကြည့်ကြတယ်...။ ဂျီမင်းရဲ့ပုံစံက အကြောက်အလန့်မရှိတာကြောင့် သူတို့အနိုင်ကျင့်နေကျ ကျောင်းသားတွေနဲ့မတူဘဲ တမူကွဲပြားနေလေတယ်...။

"အကြောတင်းလေးပါလား... ငါတို့ကလဲ ဒါမျိုးမှပိုစိတ်ဝင်စားတာကွ"

"မင်းတို့ဘာလာရှုပ်နေတာလဲ...!!!"

ဂျီမင်းစိတ်မရှည်ဘဲ ခပ်ဆတ်ဆတ်မေးလိုက်‌တော့ သူတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်နေကြပြန်တယ်...။

"ဒီမှာကောင်စုတ်လေး... မင်းဘာသာဘယ်လောက်အကြောတင်းတင်း ငါတို့ကိုတော့ ပခုံးလာမယှဉ်နဲ့ကွ"

"ငါ့ဘာသာနေတာကို မင်းတို့အရင်လာနှောက်ယှက်နေတာလေ"

သူတို့ရောက်နေတဲ့နေရာကလည်း ကျောင်းဆောင်တွေရဲ့အနောက်ဘက်ခြမ်းမှာမို့ လူရှင်းနေတယ်...။ အတန်းချိန်မရှိတာကြောင့် အေးဆေးနားချင်တဲ့ဂျီမင်းက လူရှင်းတဲ့ဘက်ကိုထွက်လာရာကနေ ဒီကောင်တွေအုပ်စုနဲ့ လာတွေ့ရခြင်းပင်...။

"ကြာတယ်ကွာ... မင်းမှာပါလာတဲ့ပိုက်ဆံတွေ ငါတို့ကိုပေး"

"အော် လတ်စသတ်တော့ သူတောင်းစားတွေကိုး"

"ဘာပြောတယ်...!!!!"

တစ်ယောက်က ဂျီမင်းကိုလက်ရွယ်လိုက်ပြီးမှ အကြောက်အလန့်မရှိ ပြန်စိုက်ကြည့်နေတဲ့ဂျီမင်းကြောင့် အတန်ငယ်တွန့်ဆုတ်သွားရတယ်...။

"ဟေ့ရောင် အချိန်ဆွဲမနေနဲ့ လုပ်စရာရှိတာလုပ်... မပေးရင်ချကွာ"

အများနဲ့တစ်ယောက်ပေမဲ့ ဂျီမင်းမကြောက်ပါ...။ ကိုယ်ခံပညာလည်းတတ်တာကြောင့် အရင်ကျောင်းမှာကတည်းက ဂျီမင်းကိုယှဉ်နိုင်သူမရှိခဲ့...။ ခုလည်း ၃ယောက်တစ်ယောက်အနိုင်ကျင့်လာပေမဲ့ ဂျီမင်းကတော့ တွန့်ဆုတ်မနေခဲ့...။

You're My Destiny (Completed)Onde histórias criam vida. Descubra agora